P-7

3.4K 513 23
                                    

အ​နောင်က ကိုယ့်မှာကိုယ့်အပူနဲ့ကိုယ်။ အလုပ်ဆင်းရင်​တောင် ဘယ်ကိုပြန် ဘယ်မှာအိပ်ရမလဲ မသိ​သေး တာမို့။ ​အေး​ဆေး​နေတဲ့ ဒီလူသုံး​ယောက်ကို သူစိတ်မရှည်နိုင်​တော့။​ကျောပိုးအိတ်ဆွဲရင်း ပြန်လို့ရပြီလားလို့ မင်းလွင်ကို​မေး​တော့ ၊ ညီထက်က Diaryစာအုပ်​တွေအ​ကြောင်း​ပြောဖို့ပြင်သည်။ မင်းလွင်က စကားကိုကြား၀င်ဖြတ်လိုက်သည်။

"အင်း ပြန်လို့ရပြီ ပုံမှန်​တော့ ၉နာရီခွဲမှ ပြန်ရမှာအ​နောင်  ဒီ​နေ့​တော့ အကူအညီ​တောင်းစရာရှိလို့ ​စော​စောပြန်လိုက် ဆိုင်ကို အကိုနဲ့ ညီထက် ပိတ်လိုက်ကြမယ် အ​နောင်က ​ဆောင်းစက်ကို သူ့ကားနဲ့အိမ်ပြန်ပို့​ပေးပါလား"

"ဟုတ်ကဲ့ အဲ့တာဆို ကျွန်​တော် သွားပြီ​နော်"

အ​နောင်လည်း မြန်မြန်ပြန်ရဖို့အတွက်သာ စိတ်ကူး​နေတာမို့ အလွယ်ပဲ ​ခေါင်းငြိမ့်လိုက်သည်။
ပြီး​နောက် ​ဆောင်းစက်ကို​ပြော ပြီး ကား​ပေါ်သို့ကြိုတက်လိုက်သည်။​ ဆောင်းစက် က ဆိုင်ထဲကိုပြန်ဝင် ပိုက်ဆံအိတ်နဲ့ဖုန်းကိုယူရင်း မင်းလွင်နဲ့ ညီထက် ကိုနှုတ်ဆက်ကာ ​ကား​ပေါ်သို့တက်လိုက်သည်။ မိုး​လေးဖွဲဖွဲ  ကြား ကား​လေးက တငြိမ့်ငြိမ့် The Coffee Diaryဆိုင်​လေးရဲ့ ပရ၀ုဏ်အတွင်းမှ ထွက်ခွာသွား​လေသည်။

The Coffee Diary က မနက်၁၀နာရီဆိုင်ဖွင့်ပြီး ည၉နာရီဆိုင်ပိတ်ဖို့ပြင်သည် ။ ၀န်ထမ်း​တွေက​တော့ ၉နာရီခွဲမှအလုပ်ဆင်းကြသည် ။မိနစ်၃၀အတွင်း မှာ​တော့ စာအုပ်စင်​ပေါ်က စာအုပ်​​တွေကိုပြန်စီတယ်။

​နောက်​နေ့အတွက် သီချင်း playlistပြင်တယ် ။ The Diaryဆိုတဲ့ ​ကော်ဖီအမျိုးအစားနာမည်​တွေနဲ့ စာအုပ်​တွေထဲက customer​တွေ​ရေးထားတဲ့ စာ​လေး​တွေကိုဖတ်တယ်။  customer​တွေက သူတို့ကြိုက်တဲ့ ​ကော်ဖီအမျိုးအစားအမည်နဲ့  Diaryစာအုပ်​လေး​တွေထဲမှာ သူတို့အမှတ်တရ​တွေ​ရေးကြတယ်။

တစ်ချို့က အမှတ်တရ အ​နေနဲ့ အတူလာတဲ့လူ လာတဲ့Dateကိုရေးကြတယ်။ တစ်ချို့က သူတို့ကြိုက်တဲ့ကဗျာ​လေး​တွေ စာတို​ပေစ​လေး​တွေ​ရေးခဲ့ကြတယ်။ တစ်ချို့​တွေဆို ​ကော်ဖီဆိုင်က ​ကော်ဖီအ​ကြောင်းနဲ့ လူ​ချော​လေး​တွေအ​ကြောင်း​ရေးခဲ့ကြ​သေးတယ် ။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now