P-23

2.1K 319 35
                                    

အ​နောင့်ပုံ​လေး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အ​နောင့်ပုံ​လေး...

****

ဒီ​နေ့က The coffee Diary ဆိုင်ရဲ့ လက်​ဆောင်​ပေးတဲ့ ​နောက်ဆုံး​နေ့ မို့ထင်သည် customer​တွေ ​တော်​တော်များများလာကြသည်။

လာသမျှcustomerတိုင်းကို christmas present ​ပေးသလို ။Diary စာ အုပ်ထဲမှာ စာ​ရေးထားတဲ့ လူတိုင်းအတွက် လည်း သီးသန့် လက်​​ဆောင်​လေး​တွေ လုပ်ထား​ပေးသည်။ pen name ​တွေနဲ့​ရေးထားတဲ့ လူအဖို့ pen nameနဲ့ လက်​ဆောင်ထုပ်​ပေးထားပြီး ။ pen name မပါတဲ့ လူအဖို့​တော့ Diary စာအုပ်နာမည်​လေး​တွေနဲ့ presentလုပ်​ပေးထားသည်။

ဒီဆိုင်ရဲ့ အ​လေ့အထကို သိတဲ့ စားသုံးသူ ၊စာ​ရေးသူ​လေး​တွေက​တော့ တကူးတကကို လာထုတ်ကြသည်။

မထုတ်ဘဲကျန်တာဆိုလို့ လက်​ဆောင် အိတ် ၂အိတ်သာ ရှိ​တော့သည်။

တစ်အိတ်က နာမည်တပ်ထားတာက​တော့ From Coffee Diary to Nyi lay(ညီ​လေး) လို့​တပ်ထားသည်။

ညီ​လေးဆိုတာ မင်းလွင်ဖတ်​နေကျ ကပ်ပူချီနို Diary စာအုပ်ထဲမှာ စာ​တွေ​ရေးတတ်တဲ့ အကိုကြီးတစ်​ယောက်ကိုflirt​နေတဲ့ ​ကောင်​လေးအတွက်ဖြစ်သည်။ဒီ​ကောင်​လေး ကဘယ်သူ့ဆီ​ရေးမှန်းမသိ​ပေမယ့် ဒီစာအုပ်က မင်းလွင်ဖတ်​နေကြဆို​တော့ ၊ မင်းလွင်ကပဲ ဒီcustomer​လေးအတွက် လက်​ဆောင်ပြင်​ပေးခဲ့သည်။ မ နေ့ကထိ အဲ့ဒီ​ကောင်​လေးက စာ​ရေးခဲ့​သေး များများစားစား​ရေးခဲ့တာ​တော့ မဟုတ်ဘူး ဘာတဲ့

" With you, shawty with you
With you, shawty with you
With you, under the mistletoe....

I wanna wish you a merry Christmas
I wanna wish you a merry Christmas
I wanna wish you a merry Christmas
From the bottom of my heart "

Mistletoe နဲ့ Feliz navidad သီချင်း နှစ်ပုဒ်ကို ​ရောပြီး​ရေးသွားခဲ့ခြင်းပါ။ ​အောက်မှာ​တော့ စာ​လေးတစ်​ကြောင်း ပါသည် ။ မနက်ဖြန် လက်​ဆောင်ကို ​သေ​သေချာချာလာယူပါမယ်တဲ့ ။ ဒါ​ပေမယ့် အခုအထိ လာမယူ​သေး။ မင်းလွင် က​တော့ လာယူ​စေချင်ပါသည် ။ ဘယ်လို​ကောင်​လေးများ ဖြစ်မလဲလို့သိချင်တာကတစ်​ကြောင်း။ သူလာရင် အနည်းဆုံး​တော့ သူကြိုက်တဲ့လူ ဘယ်သူလဲဆို တာ ခန့်မှန်းနိုင်မည်က တစ်​ကြောင်း​ကြောင့်မို ဒီလက်​ဆောင်အိတ်​လေးရဲ့ ပိုင်ရှင်ကို တကယ်ပဲလာယူ​စေချင်ပါသည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now