P-11

2.9K 493 23
                                    


"ဘာလဲ ငါ့ ​မောင်က အဲ့​ကောင်​လေးနဲ့ပြန်​တွေ့တာကို ​ပျော်​နေတယ်​ပေါ့ မရဘူး အဲ့ လိုမဖြစ်ရဘူး အားးးးး သူငါ့​မောင်အနားမှာ ရှိ​မ​နေရဘူး​လေ...အဲ့က​လေးက အားးး"

​ဆောင်းစက် စားပွဲ​ပေါ်က ဒိုင်ယာရီစာအုပ်ကို အဖြူ​ရောင်နံရံသို့ ​ဆောင့်​ပေါက် လိုက်သည်။

" အဖြူ​ရောင်ကို ကြိုက်​နေတုန်းလား ​
ဆောင်းစက်မာန် အစ်မခဏခဏ​ပြောပါတယ် အဖြူ​ရောင်ကိုလည်းမကြိုက်နဲ့ နင်လည်းမဖြူစင်ပါနဲ့လို့ အဖြူ​ရောင်က အ​ရောင်ဆိုးလွယ်တယ်..."

မွေ့ယာဖြူဖြူ​​ပေါ် ပိုး​ဆောင်ဖြူဖြူ ​၊ခေါင်းအုံးဖြူဖြူတို့ကို ​​ချေမွ လွှင့်ပစ်သည် ၊ ​၁၃နှစ်အရွယ်​ကောင်​လေးတစ်​ယောက်နဲ့ ၁၆နှစ်အရွယ် ​မိန်းကလေးတစ်​ယောက်တို့ တွဲရိုက်ထားတဲ့ ဓါတ်ပုံကို​သေ​သေချာချာကြည့် သည်။

​သူပြုံးသည်။ ခံစားချက်​တွေကို မျက်လုံးမှာ ​ဆက်လက် ဖော်ပြသည်။ သူနာကျင်သည်။ ၀မ်းနည်းသည်။ သူရန်လိုသည်။ ဒါ​ပေမယ့် ဓါတ်ပုံထဲက​​ဆောင်​စက်လေးကိုတော့ သူသိပ်ချစ်သည်။ သူငိုသည် ချက်ခြင်းငိုချသည်။ 

"​မောင်​လေး...အဲ့ဒီ​ကောင်​လေးနဲ့ သံ​ယောဇဥ် မတွယ်ရဘူး​နော်...​မောင်​လေးမှာလုပ်စရာရှိ​သေးတယ်​လေ"

ငိုရင်းနဲ့ အခန်းထဲကထွက်လာသည်။ လူဆိုတာအ၀ကြီး ၀​အောင်ငိုပြီးရင် ပင်ပန်းလာတယ် မဟုတ်လား။ သူအိပ်ချင်ပြီ​လေ...။


*****************

"မင်းလွင် မင်း ​တောင်တက်ရင်း အိမ်​ထောင်သား​မွေးလုပ်​နေတာလား"

"အာ... ကိုယ့်အသဲက ကိုယ့်ကို စိတ်ပူ​နေတယ်​ပေါ့ "

"ဖြစ်ရဦးမယ်..."

"ဟ...ဟ အသဲက စိတ်မပူဘူးဆို​တော့လည်း ကိုယ်ပြန်မလာ​သေးဘူး..."​

"​ပြောင်မ​နေစမ်းနဲ့ ​ငပေါ​ကောင် ​တောင်​ပေါ် ကဆင်းလာကြပြီလား၊ မြို့ပေါ်​ရောက်ပြီလားသိချင်တာ အခုအချိန်မျိုးကက အဲ့ဒီဘက်မှာဆို ​နှင်းပိတ်​နေမှာမဟုတ်လား၊ တောင်တက်​တောင်ဆင်းအဆင်​ပြေရဲ့လားလို့ သိချင်လို့ "

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now