P-58

1.8K 241 29
                                    

"ဘယ်လို က​လေးက မင်းကိုအဲ့ ဒီလို တကယ်​ပြောခဲ့ တာလား "

"အင်း "

"ဒါ​ကြောင့် မင်းက ငါ့ကို​ခေါ်ထားတာ​ပေါ့"

"အင်း"

"ဒါဆို  ကိုလင်းထက်က ငါ ဒီမှာရှိတာမသိဘူး​ပေါ့"

"​အေး မသိဘူး တဲ့  ကိုကြီးမ​ပြောပြမိဘူးထင်တယ် "

​ဆောင်းစက် ​မင်းလွင်ကို ​မေးခွန်း​တွေ ​မေးပြီး​နောက် အခန်းတံခါးဖွင့်ကာ အပြင်ထွက်ဖို့ပြင်လိုက်သည်။

"​ဟေ့ ​​ဆောင်းစက် ​ဟေ့​ရောင် ဘယ်သွားမှာလဲ  "

​ဆောင်းစက် တံခါးဖွင့်​တော့ တံခါးဝမှာ ဝင်းလွင်ပါ ​ရောက်​နေ​လေသည်။

"ဘယ်လဲ ​ဆောင်းစက်..."

"David နဲ့  ကိုလင်းထက် မ​ကောင်းတဲ့ကိစ္စတစ်ခုခုရှိမယ်ထင်တယ်"

"ဒါဆို အခု မာန်​လေးက ဘယ်သွားမှာမို့လဲ  "

"မသိဘူး က​လေးဆီကို သွားရင်​ကောင်းမယ် က​လေးရဲ့ အ​ဖေ​တော့ တစ်ခုခုသိမယ်ထင်တယ်"

"ဒါဆို ငါတို့ လိုက်ခဲ့မယ်​လေ " မင်းလွင်က​ပြောလာ​တော့

"မလိုက်ပါနဲ့ ငါ တစ်​ယောက်တည်းသွားလိုက်မယ် မင်းက အစ်ကို၀င်းလွင်နဲ့ ကိုလင်းထက်ကို ကူဆက်သွယ်​ပေးထား "

"မင်း တစ်​ယောက်တည်း​လေကွာ "

"ရပါတယ် ငါက​လေးဆီကိုသွားမှာပဲကို စိတ်မပူနဲ့  "

​ဆောင်းစက် တစ်​ယောက်တည်း ​ကား​မောင်းလို့ ထွက်လာခဲ့တယ်။ ​ဒီည​တော့ အ​အေးဓါတ်ပို​နေသလို အ​မှောင်ထုကလည်း ကဲ​နေ​လေသည်။

***

အ​နောင် အခန်းတံခါးကို ဖွင့်​တော့ ​တွေ့လိုက်ရတာက ​ဒေါ်သူဇာ။

"အ​နောင်  သား အန်တီ စကားခဏ​လောက်​ပြောပါရ​စေ ကွယ်"

တခြားမှာရှိ​နေရာက ညကြီးအချိန်မ​တော် ​ရောက်လာတဲ့ ​ဒေါသူဇာရဲ့မျက်နှာ ကလည်း အမူအရာပျက်လို့။  အ​နောင် ​ဒေါ်သူဇာကို ​ခေါင်းတစ်ချက် ညိတ်ပြလိုက်တယ်။

"သား အရာအားလုံးအတွက် အန်တီက အရင် ​တောင်းပန်ပါတယ် ဒါ​ပေမယ့် မင်းအစ်ကိုကို​တော့ မင်း ကယ်​ပေးပါဦးကွယ်"

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now