P-4

4.2K 535 35
                                    

"Want a pen for The Coffee Diary"

လက်တစ်ဖက်နဲ့ ဆိုင်တံခါးတွန်းဖွင့်ဝင်​တော့ ​တွေ့လိုက်ရတဲ့ ​ကျောက်သင်ပုန်း​ပေါ်က ​စာ​ကြောင့် ဆောင်းစက်ပြုံးမိတယ်၊ ညီစိုင်း က သူ့စိတ်ကို သိတယ်။ ​

~~~~
ဆောင်းစက်က ဆိုင်မှာ ဝန်ထမ်း သိပ်မထားချင်ဘူး ။ထားတဲ့လူကိုလည်း ဝန်ထမ်းသ​ဘောမျိုးမဟုတ်မိသားစုလိုမျိုးဆက်ဆံတယ်။ လစာကလည်း ဘယ် ​ကော်ဖီဆိုင် ဘယ်စား​သောက်ဆိုင်မှ မ​ပေးတဲ့အ​နေအထားမျိုး​လောက်ကို​ပေးတယ်။

တစ်ဦး​​စေတနာ တစ်ဦးမှာဆိုသလို ၆နှစ်အတွင်း ခန့်ခဲ့တဲ့ဝန်ထမ်း​တွေကလည်း အ​ကြောင်းအမျိုးမျိုး​ကြောင့်သာ အလုပ်ထွက်ကြရတယ်၊ လစာထက်ပိုတဲ့​စေတနာ​တွေနဲ့ အလုပ်လုပ်ခဲ့ကြတယ်။

ဒါ​ကြောင့် ဝန်ထမ်းဆို သူအပြင်လူမ​ခေါ်ချင် ၊ ဆိုင်အ​ကြောင်းသိတဲ့သူ ၊ဆိုင်ကိုလာဖူးတဲ့ သူ ၊ဆိုင်ကိုစိတ်၀င်စားပြီး ဒီဆိုင်မှာအလုပ်လုပ်ချင်တဲ့လူကိုပဲ ​ခေါ်ချင်တာမို့ ဆိုင်​လေးထဲမှာပဲ အလုပ်​ခေါ်စာ ထားဖြစ်သည်။

~~~
​ဆောင်းစက် ကမင်းလွင်ထိုင်​နေတဲ့ စားပွဲမှာ၀င်ထိုင်လိုက်တယ် ။

ညီထက်လည်း ၀ိုင်းတစ်၀ိုင်းကို ​ကော်ဖီချ​ပေးပြီး ​ဆောင်းစက် လက်ကိုမြင်​တော့ သူတို့ဝိုင်းဆီ လာထိုင်ရင်း အကျိုးအ​ကြောင်း​မေး​တော့ ​ဆောင်းစက်ကရှင်းပြရတယ်။

~~~~~~

အ​နောင် ​ကော်ဖီဆိုင်​လေးထဲဝင်​တော့ ​တွေ့ရတဲ့ဆိုင် အပြင်အဆင်က ထူးဆန်းတဲ့အထဲပါတယ်။ ​ကော်ဖီဆိုင် အလယ်မှာ ဘာစားပွဲဝိုင်းမှမရှိဘဲ ​ကျောင်းစာသင်ခန်းထဲက စားပွဲခုံ​စောင်း ရှည်နှစ်လုံးကို မျက်နှာချင်းဆိုင်ထားပြီး ခုံ​ရဲ့ အံ့​တွေထဲမှာ ​ကျောက်သင်ပုန်းနဲ့​ကျောက်တံ​တွေ ၊ စာအုပ်​တွေ ​တွေ့ရတယ် ။ ခုံ​ပေါ်မှာ​တော့ အနက်​ရောင်သား​ရေဖုံးထားတဲ့ စာအုပ် တိုင်းမှာ The Diaryခေါင်းစဥ်နဲ့ အောက်မှာ​တော့

Espresso (အက်စ်ပရက်ဆို)၊
Americano (အမေရိကာနို)၊
Café Latte (ကဖေးလာ့တီး)၊
Cappuccino (ကပ်ပူချီနို)၊
Café Mocha (ကဖေး မိုခါး)၊
Irish Coffee (အိုင်းရစ်ရှ် ကော်ဖီ)၊
Black Coffee (ဘလက် ကော်ဖီ) ဆိုပြီး ​​ရွှေ​ရောင်စာလုံး​တွေနဲ့ ၊ကော်ဖီအမျိုးအစား​အလိုက်ခွဲထားတဲ့ Diaryစာအုပ်​တွေနဲ့ ​​ဘောပင်​တွေထည့်ထားတဲ့ ခြင်း​လေးတစ်ခြင်း​တွေ့ရတယ်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now