အပိုင်း(၁)

20.5K 801 110
                                    

သစ္စာဖြင့်ဖန်တီးသော
#real bl fic
#ဇွဲ & ရှိုင်း
.....................................အပိုင်း(၁)................................

"ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင့်မိုရ်တောင်ဦး၊ မကကြူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်............................. အမျှ..အမျှ..အမျှ...ယူတော်မူကြပါကုန်လော့....သာဓု.. သာဓု... သာဓု "

မနက်၆နာရီခန့်။ ဝန်ထမ်းအိမ်ယာတိုက်ခန်းတွဲလေးများ၏ အပေါ်ထပ်ဆီမှ ဘုရားရှိခိုးသံက သာယာစွာထွက်ပေါ်နေသည်။
မနက်၅နာရီအိပ်ယာထ
၆နာရီဆို ဘုရားဆွမ်းတော်ကပ်၊ ဘုရားရှိခိုးပြီး၊ ဆွမ်းချက်ပြီး
၆နာရီကျော်လောက် လမ်းလျှောက်ထွက်မည်။
၇နာရီဆိုပြန်ရောက် ရေချိုး မနက်စာစားပြီး စာအုပ်တစ်အုပ်အုပ်ကို ဖတ်မည်။
၈နာရီခွဲ သံဃာတော့်များ ဆွမ်းတန်းကြွလာလျှင် ဆွမ်းလောင်းမည်။
၉နာရီ ရုံးသွားချိန်။

ညနေရုံးဆင်းလျှင် အိမ်ကိုတန်းပြန်လေ့မရှိ။ မပြန်ဆို သွားစရာနေရာ လုပ်စရာအလုပ်တွေက အများကြီးမဟုတ်လား။

မေတ္တာစမ်းရေ ဂေဟာကိုဝင်မည်။ ကလေးတွေကိုမုန့်ဝေမည်။ အပင်တွေအတူတူရေလောင်းကြမည်။ သီချင်းတွေဖွင့်ပြီး အတူကကြမည်။ ကလေးတွေရေချိုးပေးမည်။

Save the babeခြံကို ဝင်မည်။ သူ့အပေါ်အလုအယက် ခုန်တက်လာမည့် အောင်နက်တို့ ဂုတ်ကြားတို့နှင့် ခနဆော့မည်။ ဒဏ်ရာရနေလို့ ကယ်ဆယ်ထားတဲ့ အာပေတူးတွေကို ဆေးထည့်ဆေးတိုက် လုပ်မည်။

လယ်မချောင်ဘက်ကိုလည်း သွားရအုံးမည်။ အဲ့ဒီမှာသူ့ရဲ့ ဒုတိယမိသားစုတွေရှိသေးသည်။ အရီးစိန်မ က မျက်စိမမြင်သူ တစ်ကိုယ်တည်းသမား၊ ခြေ တစ် ဖက်မသန်သည့် ဦးကြီးတင်နှင့် စိတ်သိပ်မမှန်သည့် ဒေါ်လုံး တို့လင်မယား၊ ရွှေမိတို့ အိတုံတို့ ဖိုးထောင်တို့ လို ပန်းရောင်းသည့် ကလေးတွေ...အို.... အမျိုးတွေက အများသားဟာ။ သူတို့တွေအတွက် ဆန်ဆီဆားမှအစ ဆေးဝါး အထည်အဆုံး တတ်နိုင်သမျှလေး ယူသွားမည်။ စကားတွေဖောင်ဖွဲ့အောင် တရင်းတနှီးတွေ ထိုင်ပြောပြီး တစ်ခါတစ်လေ သူတို့ကျွေးတဲ့ထမင်းကိုစားမည်။ စားပါအုံးလားဗျ... ဘူးရွက်ပြုတ်နဲ့ ငါးပိရည်နဲ့။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now