🦋11🦋

710 93 1
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋11🦋

        ဟွမ်ကျင်းရွှေသည် လေးလံ၍ ကြီးမားသော တံခါးကြီးနှစ်ချပ်ကို တွန်းဖွင့်ရန် ပြင်လိုက်ချိန်တွင် သူမဆီက အသံကြားလိုက်တာကြောင့် လှည့်ကြည့်လာသည်။ ရတနာနန်းဆောင်ကြီးဟု ခေါ်တွင်ရခြင်းကတော့ နန်းဆောင်ထဲတွင် ဘိုးဘေးအဆက်ဆက်၏ ပုံတူပန်းချီများနှင့် သူတို့၏မှော်လက်နက်တို့ကို ထိန်းသိမ်းထားရာ အခန်းဖြစ်တာကြောင့်ပင်။

       ဟွမ်ကျင်းရွှေ လော့လော်အား ငုံ့ကြည့်ကာ မေးလိုက်၏။

"အထဲဝင်ဖို့ အသင့်ဖြစ်ပြီလား... "
"အင်း.... "

'ကျွီး.....'

       တံခါးကြီးနှစ်ချပ် ပွင့်သွားသောအခါ သူတို့နှစ်ဦး နန်းဆောင်ကျယ်ကြီးထဲသို့ လျှောက်ဝင်လာခဲ့သည်။ ရတနာနန်းဆောင်ကြီးကို ရောက်ဖို့အတွက်ဆို အပြင်လူများအတွက် ခက်ခဲကောင်းခက်ခဲပေလိမ့်မည်။

       တိမ်လွှမ်းတောင်ထွတ်၏ တပည့်များအတွက်ကတော့ မခဲယဥ်းပေ။ နန်းဆောင်သည် ဧကရာဇ်တို့၏ ဟောခန်းမရှည်ကြီးအတိုင်းပင် ရှည်ရှည်မျောမျော တည်ဆောက်ထားပြီး နံရံတိုင်းတွင် ကျင့်စဥ်စာအုပ်များကို သေသေသပ်သပ် စီထားတာတွေ့ရသည်။

"လော့လော်အတွက် ကျင့်စဥ်စာအုပ်ကို ဒီကလာယူတာလား"
"အင်း...."

       နန်းဆောင်ထဲတွင် ဘိုးဘေးအဆက်ဆက်၏ပုံတူပန်းချီများနှင့် သူတို့၏မှော်လက်နက်တို့ကို  ပန်းချီကားတို့ရှေ့တွင် ဝံ့ကြွားစွာ ထားရှိထား၏။ သူတို့နှစ်ယောက် လက်အုပ်ချီကာ ဂါဝရပြုလိုက်ပြီးနောက် လော့လော်က မေးလိုက်သည်။

"ကျင်းကိုကို.... ဒီတောင်ထွတ်ရဲ့ ဆရာကြီးတွေ ဘယ်သွားကြတာလဲ"
"ထာဝရအသက်ရပြီး ကိုယ့်စီလောကမှာ ပတ်သွားနေကြတာ ... သူတို့ရဲလက်နက်တွေကိုတောင် စွန့်ပြီးတော့လေ"

"တစ်ချိန်ကျရင် လော့လော်လည်း အဲ့ဒီလိုမျိုး လောကကြီးထဲမှာ လွတ်လွတ်လပ်လပ် ပတ်သွားပစ်မယ်...."

       လက်အမူအရာများကိုပါ ပြသရင်း အားရပါးရကို ပြောပြနေတော့သည်။ ဟွမ်ကျင်းရွှေသည် သူမအတွက် ကျင့်စဥ်စာအုပ်များထဲမှ သင့်တော်သည့်စာအုပ်ကို ပတ်ရှာနေစဥ် လော့လော်သည် တိမ်လွှမ်းတောင်ထွတ် ဘိုးဘေးများ၏ ဓားတို့ကို စပ်စုနေခဲ့သည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now