🦋9🦋

732 105 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋9🦋

       စင်မြင့်ထက်ရှိ သခင်လေးဟူသော လူငယ်လေးက သူမတို့အား ဆွဲဆောင်မှုရှိရှိ ပြုံးပြလိုက်ကာ

"ဘယ်သူက မင်းရှစ်ဇွင်းကို ရွေးမယ်ပြောလို့လဲ...."
"အဲ့ဒါဆို နင်ဘာလို့ ငါတို့ဘက်ကိုကြည့်နေတာလဲ"

"ငါကမင်းကို ရွေးမှာလေ"
"အာ...."

"အဓိပ္ပာယ်မရှိတာ... လော့လော် မင်းသူနဲ့နေချင်ရင် နေခဲ့လိုက်တော့ ငါသွားပြီ...."
"အဲ ကျင်းကိုကို လော့လော်မနေဘူး....."

       ဟွမ်ကျင်းရွှေ၏ ဝတ်ရုံစကို အမြန်လှမ်းဆွဲ၍ အနောက်မှ ကောက်ကောက်ပါအောင် လိုက်သွားလေ၏။ ပန်းရနံ့သင်းလက်ဖက်ရည်ဆိုင် အပြင်ဘက်ရောက်တော့ သူတို့နှစ်ယောက်သည် တိမ်လွှမ်းတောင်ထွတ်ကို မပြန်သေးဘဲ မြို့စျေးထဲကို ခဏပတ်ကြည့်နေသည်။

       တိမ်လွှမ်းတောင်ထွတ်ကနေ ကျင့်ကြံသူတို့စျေးကွက်ကို ရောက်ဖို့ဆို ဝေးကလည်းဝေးသေး၊ မြင်းမရှိဓားပျံမရှိတာမို့ တစ်ခေါက်ရောက်ဖို့ဆိုရင် ခြေလျင်ခရီးသာ အားကိုးရတာကြောင့် ရောက်တုန်းရောက်ခိုက် ဝယ်စရာရှိတာများလည်း ဝယ်ရန်စဉ်းစားထားသည်။

       ယွိယွိကို အောက်ချက သူမကနတ်ဆိုးမွေ့လျော်သီး တစ်ထုပ်ကိုပိုက်ကာ ဟွမ်ကျင်းရွှေဘေးမှ လိုက်လာသည်။

"ယွိယွိ..... နင်ငါ့ဝတ်ရုံစကို ဆွဲမနေတော့နဲ့ နတ်ဆိုးမွေ့လျော်သီးက တစ်ရက်ကိုသုံးလုံးပဲ စားရမယ်...."

'အု.....'

"ကျင်းကိုကို.... ဒီနေ့ကိစ္စကို တစ်ယောက်ယောက်က အကွက်ချထားတယ် မထင်ဘူးလား"
"အင်း.... အဲ့ဒီလူက မင်းအကြောင်းသိနေတဲ့ သူပဲဖြစ်ရမယ် ပြီးတော့ မင်းနဲ့ယွိယွိ အကြောင်းကိုလည်းသိတဲ့သူဖြစ်မယ်... "

       လော့လော်ပဲ မဟုတ်ဘဲ ဟွမ်ကျင်းရွှေကပါ သတိထားမိလေသည်။ အကွက်ချသူက ဘယ်လိုရည်ရွယ်ချင်မျိုး ရှိနေလဲ မသိပေမယ့် ယွိယွိလို့ ဒဏ္ဍာရီလာ ရှားပါးသားရဲတွေက ဖမ်းရခက်တယ်၊ ဖမ်းမိရင်တောင် သူတို့အသိစိတ်ကို ဖျောက်ထားရလိမ့်မည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now