🦋31🦋

508 78 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋31🦋

"ဘုရင်ကြီး သူ....."

       ဟွမ်ကျင်းရွှေက လော့လော်အား သူ့အနောက်တွင် ဖွက်ထားသည်။ ချင်းချုံးဘုရင်ကြီးမှာလည်း သမီးဖြစ်သူ၏ အပြုအမူကြောင့် မျက်နှာကြီးမည်းမှောင်သွားသည်။

"လော့လော် ဒါဘယ်လိုအပြုအမူလဲ "
"ခမည်းတော် သရဖူက မယ်တော်ပိုင်တာ ဘယ်သူ့ကိုမှမပေးရဘူး...."

"လော့လော် သရဖူပြန်ပေးပါ...."

       ချင်းချုံးဘုရင်ကြီးက လက်ဝါးဖြန့်လာသည်။ လော့လော်က တုတ်တုတ်မလှုပ်။ တစ်ဖက်တွင်ရှိ အသစ်စက်စက် မိဖုရားခေါင်မှာ ရှေ့တိုးရင်လည်းမကောင်း နောက်လည်းမဆုတ်ချင် ​ဖြစ်နေသည်။ သူမသည် လော့လော်၏အမေနှင့် အသက်အရွယ် မတူသော်လည်း လော့လော်မိခင်ထက် ငါးနှစ်လောက်သာ ငယ်၏။

       လော့လော်၏ အမေနေရာတွင် နေမည်ဆိုရင်တောင် သင့်တော်သော အနေအထားမျိုးဖြစ်သည်။

"မပေးဘူး...."
"လော့လော်.... ကျစ်.... မင်း မင်းတော်တော်ဆိုးလာပါလား... ဟွမ်ရှန်းကျွင်း သူ့ကိုဖြောင့်ဖြပေးပါအုံး...."

       ဟွမ်ကျင်းရွှေ သူမဘက်သို့ ခေါင်းစောင်းကြည့်လိုက်သည်။

"လော့"
"ကျင်းကိုကို ဒါအမေ့ပစ္စည်းလေးပါ... လော့လော်ဘယ်သူ့ကိုမှ မပေးနိုင်ဘူး... ကျင်းကိုကို နားလည်ပေးမယ်မလား... ပြီးတော့... "

       လော့လော် ဘုရင်ကြီးဘက်သို့ လှည့်ကာ

"ခမည်းတော်က အစဥ်အလာကိုချိုးဖောက်နေတာ..."
"လော့လော် ငါနင့်အဖေနော်..."

"မဟုတ်လို့လား.... ချင်းချုံးအစဥ်အလာက ကြင်ယာတော်တစ်ပါးပဲ မြှောက်ခွင့်ရှိတယ် လူတိုင်းတစ်ကြိမ်ပဲ အိမ်ထောင်ပြုခွင့်ရှိတယ်... ခမည်းတော်က နောက်တစ်ယောက်ထပ်ယူတာ အဲ့တာ အစဥ်အလာကို ချိုးဖောက်တာပဲလေ..."

"ဒါပေမယ့် အရင်မိဖုရားက သေသွားပြီမဟုတ်လား...."

       ထိုစကားကို သရဖူအလုခံလိုက်ရသော မိဖုရားက မဝံ့မရဲနဲ့ ပြောလာခြင်း ဖြစ်လေသည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now