🦋16🦋

683 89 1
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋16🦋

        နောက်တစ်နေ့သော နံနက်တွင် ဟွမ်ကျင်းရွှေ နှင့် လော့လော် မနေ့ကသွားခဲ့သော ရွာကလေးဆီပြန်သွား၍ ဟိုက်ရို့သူတို့ဆီက မတရားသိမ်းယူထားခဲ့သော ကောက်ပဲသီးနှံများကို ပြန်လည်ပေးအပ်ခဲ့သည်။

       ဟိုက်ရို့သည် လာဘ်စားရန်အတွက် အမြဲလိုလို သူခိုးချောင်းချောင်းနေတတ်သော လူတစ်ယောက်ဖြစ်ကာ သူ၏အကြံကတော့ သိဒ္ဓိစွမ်းအင် ပါသည့်အရာနှင့် မပါသည့်အရာကို ရောနှောပြီး ရောင်းချရန်ဖြစ်သည်။ ဆရာကြီးရန်ကတော့ ထိုအချက်ကို သတိထားမိမည်မဟုတ်။

        ကျောင်းသားများသည်လည်း ချက်ချင်းတော့ သတိမထားမိနိုင်ဘူးဟူသော အထင်ဖြင့် ရွာသားတွေဆီက ဝယ်တောင်မဝယ်ဘဲ ငွေကိုဖြတ်စားခဲ့သည်။ ဒီတစ်ခေါက်ကိစ္စတွင် ကြီးကြပ်ရေးမှူးလည်း မသိလိုက်တာကြောင့် အပြစ်မှလွတ်သွားခဲ့၏။

        ယခင်ကဆို နှစ်ယောက်အတူ ပူးပေါင်းခဲ့တာဖြစ်ကာ ယခုတစ်ခေါက်တွင် သူ့လက်အောက်ငယ်သားက သူ့ကိုတောင်အသိမပေးဘဲ မိမိတစ်ယောက်တည်းသာ အကြံကောင်းတစ်ခု ပြုလုပ်တာ။ ကံကောင်းစွာနဲ့ ထိုအပြစ်မှာ သူမပါဝင်ခဲ့ဘူး။

       ဟွမ်ကျင်းရွှေက သူ့တွင် တပည့်တွေများလာပြီမို့ စွမ်းအင်ကျင့်ကြံမှုနဲ့ ပတ်သက်လို့ သေသေချာချာ သင်ကြားပေးသည်။ အများ၏အမြင်တွင် သူဟာအသုံးမကျတဲ့ အမှိုက်ကောင်ဖြစ်နေသော်လည်း သင်ပြခြင်းတွင်တော့ ဆရာကြီးရန်နှင့် ရင်ဘောင်တန်းနိုင်လေသည်။

       သူ၏သင်ကြားမှုအောက်တွင် ကျီဟန့်တို့လေးယောက်သည်သာမက လော့လော်သည်လည်း စွမ်းအင်တွေ တိုးတတ်လာခဲ့သည်။ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။ ထိုနေ့ရက်က နီးကပ်လာပြီ။ သူတို့ခြောက်ယောက်လုံးသည် တိမ်လွှမ်းတောင်ထွတ်၏ ကမ်းပါးတစ်နေရာတွင် ရပ်လျက် ဟုန်ကျင်းချင်ဂိုဏ်းဘက်သို့ ကြည့်နေကြသည်။

       ဟုန်ကျင်းချင်ဂိုဏ်းက တိမ်လွှမ်းတောင်ထွတ်နှင့် အလွန်ဝေးကွာသည်။ တောင်အသွယ်သွယ် ခြားလို့ မြစ်တွေလည်း ခြားသည်။ သို့သော် ဟုန်ကျင်းချင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကတော့ ဟုန်ကျင်းကျောင်းကိုလှမ်း၍ ထိန်းချုပ်နိုင်သည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now