🦋37🦋

469 80 1
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋37🦋

        ရိယုံမှာ မီးတုတ်နှစ်ချောင်းကို ကောက်ကိုင်လျက် ဟွမ်ကျင်းရွှေကို တအံ့တသြ လှမ်းကြည့်နေသည်။ ခွေးကြောက်တတ်သော သူက ဘယ်လိုလုပ်များ ဒီနေရာမှာ တစ်ညအိပ်နိုင်မှာတဲ့လဲ။ သေချာပေါက် ခရီးဆက်မှာပဲပေါ့။

        မီးတုတ်နှစ်ချောင်းကို မီးညှိပြီး မတ်တပ်ရပ်စောင့်နေရရှာသည်။ သိပ်မကြာလိုက်ဘဲ ဟွမ်ကျင်းရွှေ စွမ်းအင်ကျင့်ကြံမှုက ပြီးဆုံးသွားတာကြောင့် မီးတုတ်နှစ်ချောင်းဖြင့် သူတို့နှစ်ယောက် ခရီးဆက်ခဲ့ကြသည်။

        တစ်ဖက်တွင်ရှိသော လော့လော်တို့သည်လည်း စစ်ရှုံးတောင်ကို ရောက်လာလေပြီ။ ရောက်ရောက်ချင်း လိုင်မုန်တို့သည် မကောင်းဆိုးဝါးကောင်အား လိုက်ရှာကာ တိုက်ခိုက်ကြတော့သည်။ လော့လော်မှာ သူမမေးချင်သည့် မေးခွန်းကို မမေးနိုင်ဘဲ တိုက်ခိုက်သည့်နောက်မှာ ပတ်လိုက်နေရ၏။

"မတော်ကြသေးဘူးလား...."

"လော့လော် နောက်ဆုတ်...."

        ရှီချိုးက သူမအား အသာရိုက်ထုတ်ပစ်သည်။

"အဲ....."
"လော့လော် အဆင်ပြေရဲ့လား"

"အင်း...."

       ယဲ့ရှားလုံက သူမကိုဖမ်းထားပေး၏။ ဟုန်ကျင်းကျောင်းက အစွမ်းထက် ကျောင်းသားတွေချည်း ပူးပေါင်တိုက်ခိုက်တာကြောင့် မကောင်းဆိုးဝါးမှာ ခဏကြာတော့ အဖမ်းခံလိုက်ရလေသည်။ သူသည် ကြိုးဖြင့် ထပ်အတုပ်ခံရပြန်၏။

       သူတော်တော်လေး စိတ်ညစ်သွားရှာသည်။ သနားစရာကောင်းသော မကောင်းဆိုးဝါးလေးမှာ တစ်နေ့တည်းမှာ နှစ်ကြိမ်ကြိုးတုပ်ခံရပြီးပြီ ဖြစ်၏။

"အား....."

       မကောင်းဆိုးဝါးသည် မြေကြီးပေါ်တွင် သုံးပတ်လောက် ဘယ်ပြန်ညာပြန် လှိမ့်နေသည်။

"အား..... လူဆိုးတွေ လူဆိုးတွေ.... ဒီနေ့တစ်နေ့လုံး တိုက်ခိုက်ပဲခံနေရတယ် ငါဘာအမှားလုပ်မိလို့လဲလို့...."

       လော့လော်က ထိုသူထံသို့ ချက်ချင်းပြေးလာသည်။

"ကျင်းကိုကို လာသွားတာလား"
"ဟင်...."

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now