🦋22🦋

573 81 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋22🦋

       ဟွမ်ကျင်းရွှေသည် ငယ်စဥ်ကတည်းက မိခင်၏သွန်သင် လမ်းပြမှုကြောင့် စာပေလေ့လာရာတွင် ထူးချွန်ထက်မြတ်ခဲ့သည်။ ကျင့်ကြံခြင်းလမ်းစဥ် စာအုပ်တော်တော်များများကို သူဖတ်ဖူးသည်။ မိစ္ဆာလမ်းစဥ်များနှင့် ပတ်သက်သော စာအုပ်များလည်း သူဖတ်ဖူး၏။

       ထို့ကြောင့် ကျင့်စဥ်စွမ်းအင်ကို တွေ့မြင်သည်နှင့် သို့မဟုတ် လှုပ်ရှားမှုကို တွေ့သည်နှင့် သူသိနိုင်သည်။ လူတစ်ယောက်၏ ပြောစရာကိုကြားရုံနှင့်လည်း သူသည် မည်သည့်ကျင့်စဥ်လဲဆိုတာကို ခန့်မှန်းနိုင်သည်။

"ကျင်းကိုကို အဲ့တာလည်း မိစ္ဆာလမ်းစဥ်မဟုတ်လား"
"ဟုတ်တယ်... ဒီနေရာမှာ မိစ္ဆာတွေလာစုနေပြီဆိုတော့ ငါတို့လည်း နေဖို့မသင့်ဘူး.... အရင်ဆုံးထွက်သွားရအောင်..."

"အခုပဲ ပြင်ဆင်လိုက်ပါမယ် သခင်လေး...."

      ကျီစုသည် အပြင်ထွက်၍ ကျီဟန့်ကို အကြောင်းစုံပြောပြပြီးနောက် သူတို့နှစ်ယောက် ဟွမ်ကျင်းရွှေအခန်းရှေ့ကနေ ထွက်သွားသည်။ မိစ္ဆာလမ်းစဥ်လိုက်သူကို မိစ္ဆာဟုသာ သတ်မှတ်ထားကြတာကြောင့် ကျင့်ကြံသူတွေနဲ့တော့ မီးနဲ့ရေလို တည့်မည်မဟုတ်။

       အကြောင်းတစ်ခုခုဖြစ်လို့ မိစ္ဆာတွေ သိသိသာသာ ပေါ်ထွက်လာတဲ့အခါ မသက်ဆိုင်ပေမယ့် မိမိတို့ကိုပါ လာထိပါးနိုင်သည်။ ဟုန်ကျင်းချင်ဂိုဏ်းလို အင်အားကြီးတဲ့ဂိုဏ်းက ရန်သူသေးသေးလေးကို အသာလေး ချေမှုန်းပစ်နိုင်သည်အထိ သတ္တိလည်းရှိကြသည်။

       ဟွမ်ကျင်းရွှေလို ဂိုဏ်းကထုတ်ပယ် ခံလိုက်ရသောသူသည် အားလုံး၏အမြင်တွင် အသုံးမကျတဲ့ အမှိုက်ကောင်ဖြစ်နေသော်လည်း ဂိုဏ်းကထုတ်ပယ်ခံရလို့ မကျေမနပ်ဖြစ်ပြီး မိစ္ဆာတွေနဲ့ပေါင်းကာ လက်စားပြန်ချေတယ်လို့ ထင်နေပေအုံးမည်။

       လူတွေရဲ့အတွေးက တစ်ခါတလေ စင်ကြယ်သည်။ တစ်ခါတလေ ညစ်ညမ်းသည်။ ကောက်ကျစ်သည်။ ဝင်လာစဥ်က လော့လော်သည် ချင်းချုံးက တံဆိပ်ပြားကိုပြလိုက်တာကြောင့် သေချာဆက်စပ်ကြည့်ရင် သူတို့ရောက်နေတယ်ဆိုတာ အနှေးနဲ့အမြန် ခန့်မှန်းမိသွားနိုင်သည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now