🦋12🦋

690 102 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋12🦋

"ရှာမနေနဲ့တော့ ဘာမှရှိမှာမဟုတ်တော့ဘူး...."

       ဟွမ်ကျင်းရွှေ ထိုသို့ပြောမှဘဲ လော့လော်သည် သူမ၏ရှာဖွေခြင်းကို ရပ်တန့်လိုက်ပါတော့သည်။ အချိန်လည်း မစောတော့တာမို့ တောင်ထွတ်ကိုပြန်ရန်အတွက် စာကြည့်တိုက်ထဲမှ ထွက်လာခဲ့၏။

        ထိုအချိန်တွင် မရိုးနိုင်သော ပြဿနာများက သူတို့နှစ်ယောက်ဆီ ရောက်လာခဲ့ပြန်သည်။ ရှင်သန်ခြင်းတောင်ထွတ်က တပည့်များသည် သူတို့ဆရာက ဟွမ်ကျင်းရွှေကို ဖိတ်ခေါ်ခိုင်းလိုက်ပါကြောင်း ပြောလာသောအခါ ငြင်းလိုက်ရင်လည်း မကောင်းတာမို့ ရှင်သန်ခြင်းတောင်ထွတ်သို့ ဟွမ်ကျင်းရွှေ လိုက်လာခဲ့သည်။

       ရှင်သန်ခြင်းတောင်ထွတ်သည် ဟုန်ကျင်းကျောင်းတော်၏ အနောက်ဘက်တွင် တည်ရှိပြီး တိမ်လွှမ်းတောင်ထွတ်ကဲ့သို့ပင် ကြိုးတံတားတစ်ခုဖြင့် ကူးသွားရ၏။ တပည့်များ ပေါများတာကြောင့် တောင်၏နယ်မြေကိုချဲ့ကာ အိပ်ဆောင်များလည်း တိုးချဲ့ထားတာတွေ့ရသည်။

"လော့လော် ဒီမှာမနေချင်ဘူးလား"
"မနေချင်ပါဘူး.... ဒီလောက်လူများတာကို ဆူညံ့ရင် အိပ်ရေးပျက်မှာ"

       အိပ်ရေးပျက်ရမှာကြောက်တဲ့ လော့လော်သည် ဟွမ်ကျင်းရွှေစကားကိုတောင် ဆုံးအောင်နားမထောင်တော့ဘဲ ပယ်ချလိုက်သည်။ လက်ကောခေါင်းကော ခါပြနေတာကြောင့် ဟွမ်ကျင်းရွှေလည်း ဆက်မပြောဘဲ ရပ်လိုက်ရလေသည်။

        တိမ်လွှမ်းတောင်ထွတ်က လူသိပ်မရှိသလို လူအများတို့ သဘောကျတတ်သော ရှုခင်းကောင်းကောင်းလည်း မရှိချေ။ ထူးချွန်သောတပည့်များ၏ သားရဲများလည်း ဟိုဟိုဒီဒီ ပျံသန်းပြေးလွှားနေခြင်းလည်း မတွေ့ရဘဲ အမြဲတစေ ခြောက်ကပ်နေခဲ့သည်။

       ရှင်သန်ခြင်းတောင်ထွတ်ကတော့ တပည့်အများအပြားရှိကာ အတူတူ စွမ်းအင်လေ့ကျင့်တဲ့အခါ ပျော်စရာတောင် ကောင်းနေအုံးမည်။ သို့သော်လည်း လော့လော်အတွက်ကတော့ အိပ်တာလောက် မကောင်းသည့်ပုံပင်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now