🦋61🦋

487 63 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋61🦋

       ထိုအစီအရင်က စိတ်စွမ်းအင်ကျင့်စဥ် အားကောင်းလွန်းသူတွေသာ ပြုလုပ်နိုင်ပြီး ထိုအစီအရင်ကို အသုံးပြုသူဟာ သူ၏သိဒ္ဓိစွမ်းအင် တစ်ဝက်လောက်ကို အဆုံးရှုံးခံလိုက်ရပေမည်။

       လော့ယွင်းမင်သည် အစီအရင်ကို အသုံးချခဲ့သော်လည်း မိဖုရားခေါင်က သူမကလေးကို အသက်ရှင်လာအောင် ကြိုးစားပေးခဲ့၏။ လော့လော်လေး မွေးဖွားလာခဲ့သော်လည်း သက်တမ်းကတော့ ဖြတ်ချခံခဲ့ရပြီးပြီ ဖြစ်လေသည်။

       ထိုကိစ္စကို ဘုရင်ကြီးသိတော့ လော့ယွင်းမင်ကို အပြစ်ပေးရန် စီစဥ်ခဲ့သည်။ လော့ယွင်မင်းက ဤသို့ဆို၏။

{"အစ်ကိုတော်.... ကိုယ့်သွေးသားမဟုတ်ဘဲ ဘာကိစ္စနဲ့ ကာကွယ်ပေးနေတာလဲ... အဲ့ကလေးက ဘုရင့်သွေးမဟုတ်ဘူးဆိုတာကို အားလုံးသိစေချင်နေတာလား.... ကောင်းပြီ နင်ငါ့ကို အခုအပြစ်ပေးရင် ငါလည်း ဒီကိစ္စကို အားလုံးကို ဖွင့်ပြောပစ်မယ်...."}

       ဘုရင်ကြီးလည်း လော့ယွင်းမင်ကို အပြစ်မပေးခဲ့သလို လော့ယွင်းမင်ကလည်း ထိုကိစ္စကို မဖွင့်ဟတော့ချေ။ သို့သော် သူမသည် လော့လော်ကို လုံးဝကြည့်ရမဘဲ မုန်းတီးခဲ့သည်။

       ယဲ့ရှားလုံတို့နှစ်ယောက် ထိုအကြောင်းကို ပြန်တွေးမိကြပြီး နှစ်ယောက်လုံး သက်ပျင်းပြိုင်တူချမိတော့သည်။

       နောက်တစ်နေ့သော နံနက်စောစောတွင် ဟွမ်ကျင်းရွှေနှင့်လော့လော်တို့သည် ကျင့်ကြံသူတို့စျေးကွက်သို့ မနက်အစောကြီး ရောက်ချလာကြ၏။ တမင်သက်သက်ကို နံနက်စောစောကို လူပါးချိန်ကို ရွေးချယ်လိုက်ခြင်း ဖြစ်ပေသည်။

       ဆိုင်ခန်းများလည်း သိပ်မဖွင့်သေးဘဲ လူသွားလူလာလည်း မရှိတာကြောင့် စျေးကွက်က အတော်လေးလူရှင်းနေသည်။ ဟွမ်ကျင်းရွှေတို့ ဤကဲ့သို့ မနက်စောစော ထွက်လာရခြင်းကတော့ ကျားဝါအဖိုးကြီး ပေးသောသတင်းတစ်ခုကြောင့်ပင်။

       သူသည် ဟွမ်ကျူးကုံနဲ့ သိခဲ့ကြောင်း၊ ဟွမ်ကျူးကုံက သားဖြစ်သူအတွက် နတ်ဆိုးမွေးဖွားခြင်းတောင်ကို ရှာဖွေတာကိုလည်း သူသိကြောင်းနှင့် ဟွမ်ကျူးကုံက ကျင့်ကြံသူတို့စျေးကွက်တွင် ရုတ်တရက် ပျောက်သွားရကြောင်းကိုပါ အသံပို့လိပ်ပြာတစ်ကောင်နဲ့အတူ ပြောပြလိုက်လေ၏။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now