🦋25🦋

569 81 1
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋25🦋

        ကျင့်ကြံသူတို့စျေးကွက် ရောက်သောအခါ လော့လော်သည် သူမကြိုက်သည့် စားသောက်ဆိုင်ကြီးတစ်ဆိုင်ကို ရွေးချယ်လိုက်သည်။ ချင်းယန်တစ်ယောက်သာ ခေါ်ခဲ့ပြီး ကျန်သုံးယောက်ကို တိမ်လွှမ်းတောင်ထွတ်တွင် ထားရစ်ခဲ့သည်။

        စားသောက်ဆိုင်၏ ဒုတိယအထပ်တွင်ရှိသော သီးသန့်အခန်းတစ်ခန်းကို ရွေးချယ်လိုက်သည်။

"ဧည့်သည်တို့ ဘာသုံးဆောင်ကြမလဲ..."

       လော့လော် စားပွဲထိုးလေးအား မော့ကြည့်ကာပြောပါ၏။

"အကောင်းဆုံးဟင်းတွေ ယူလာပေး.... ပန်းခုနှစ်မျိုးသေရည်ကော"
"ကောင်းပါပြီ...."

       ပန်းခုနှစ်မျိုးသေရည်က ဟွမ်ကျင်းရွှေအကြိုက်ဆုံး သေရည်တွေထဲက တစ်ခုဖြစ်လေသည်။ လော့လော်သည် ဟွမ်ကျင်းရွှေအကြောင်းကို သိထားသူပီပီ သေရည်ကောင်းကိုပါ ထည့်မှာလိုက်၏။

       ယဲ့ရှားလုံးက ဆိုသည်။

"လော့လော် ဘာလို့ဒီဆိုင်ကို ရွေးတာလဲ.... "
"ဒီဆိုင်ကဟင်းတွေက ကောင်းတယ်လေ"

       ရိုးရှင်းသည့် အဖြေပင်။

"ဟုတ်လား သေရည်ကောင်းရှိနေတာလည်း သိတယ်နော်"
"အောက်ထပ်က လူတွေသောက်နေတာ အနံ့ရတယ်.... ပန်းခုနှစ်မျိုးသေရည်က ရှစ်ဇွင်းအကြိုက်ဆုံးမလို့ မှာလိုက်တာ "

"အော်...."

       ဟွမ်ကျင်းရွှေ မိမိကိုယ်ကို အလွန်အမင်း ကျေနပ်သွားရသည်။ လော့လော်က တစ်ခုခုဆိုရင် သူ့အတွက်ပဲ အရင်တွေးပေးတယ်လေ။ ဟုန်ကျင်းချင်ဂိုဏ်းကနေ ပြန်လာတော့ လော့လော်ကရှီချိုးကို အလည်လာရန် ဖိတ်ခေါ်ခဲ့သည်။

       ထိုအချက်ကြောင့်ပင် သူစိတ်ဆိုးပြီး တံခါးပိတ်ကျင့်ကြံပစ်လိုက်တာ ဖြစ်လေသည်။ အနည်းဆုံး တစ်ပတ်လောက်ကြာမယ်လို့ ထင်ခဲ့သော်လည်း ကျင့်စဥ်ကျမ်းကို ဖတ်ရှုမိသည်နှင့် သိဒ္ဓိစွမ်းအင်တွေက သူ့ခန္ဓာကိုယ်သွေးကြောတွေထဲ စီးဝင်လာခဲ့သည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now