🦋57🦋

462 61 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋57🦋

       ဆရာကြီးရန်သည် တိမ်လွှမ်းတောင်ထွတ်ဘက်ကို လှမ်းမျှော်ကြည့်ကာ ဆက်ပြောလေသည်။

"ရှမ်သခင်ကြီးက အဲ့ဒီသိဒ္ဓိကျောက်စိမ်းကို တွေ့ခဲ့တာ အဲ့ဒီမှာ မင်းအဖေနဲ့အမေက လက်ထပ်ကြတော့မယ်လေ... ရှမ်သခင်ကြီးက သူတို့နှစ်ယောက်ကို သိဒ္ဓိကျောက်စိမ်းကို မဂ်လာလက်ဖွဲ့အဖြစ် ပြန်ပေးလိုက်တာ..... "

       ပြီးနောက် နွီအော်က သိဒ္ဓိကျောက်စိမ်းနဲ့ တိမ်ဖြိုဓားကို ကိုယ်တိုင်ဖန်တီးပြီး တိမ်လွှမ်းတောင်ထွတ်ကို ကိုယ်စားပြုသော ရှန်းကျွင်းတစ်ယောက် ဖြစ်လာခဲ့လေသည်။ တိမ်ဖြိုဓားကို သူမ၏သိဒ္ဓိစွမ်းအင်နဲ့ ပေါင်းစပ်လိုက်ပါက သခင်ကြီးရှမ်မပြောနှင့် ဂိုဏ်းချုပ်တောင်မတိုက်နိုင်ဘူးဟု ဆို၏။

       ထို့ကြောင့် ဟုန်ကျင်းချင်ဂိုဏ်းချုပ်က တိမ်ဖြိုဓားကို မျက်စိကျနေခဲ့တာဖြစ်ပြီး အခွင့်အရေးရသည်နှင့် တိမ်ဖြိုဓားကိုသိမ်းယူရန် ကြိုးစားခဲ့သည်။ သို့သော် တိမ်ဖြိုဓားက နွီအော်နဲ့အတူ ပျောက်ဆုံးသွားခဲ့လေ၏။

       ဟွမ်ကျင်းရွှေသည် နှစ်ချက်မျှ ခေါင်းညိတ်ပြီးနောက်

"သူ့ရဲ့ရည်ရွယ်ချက်က တိမ်ဖြိုဓားပဲပေါ့.... ဒါပေမယ့် ရှမ်သခင်ကြီးဆီမှာ ရှိမရှိ သူသေသေချာချာ သိလို့လား"
"မသိလောက်ဘူး... ပြီးတော့ မင်းလည်းသတိထားနေပါ... အခုတလော ရွာငယ်လေးတွေမှာ နတ်ဆိုးသားရဲ သောင်းကျန်းနေတယ်ဆိုတဲ့ မကောင်းသတင်းတွေ ငါကြားနေရတယ်"

       ဟွမ်ကျင်းရွှေသည် မျက်ခုံးစပ်ကြားကို လက်ချောင်းတို့ဖြင့် နှိပ်နယ်ရင်း

"တစ်ယောက်ယောက်ကတော့ ကျွန်တော့်ကို တကယ်ကြီးလုပ်ကြံနေပြီ"
"အွန်း....."

       ဟွမ်ကျင်းရွှေ ဆရာကြီးရန်အား နှုတ်ဆက်ပြီး တိမ်လွှမ်းတောင်ထွတ်သို့ ပြန်ရောက်လာခဲ့၏။ ဖခင်အတွက် စိတ်ပူနေသော ရှမ်မေ့သည် ဟွမ်ကျင်းရွှေ ပြန်လာမည့်အချိန်ကို လည်တမျှော်မျှော်နဲ့ ဖြစ်နေသည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now