🦋46🦋

474 68 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋46🦋

"သခင်လေး...."

       ဟွမ်ကျင်းရွှေ သူမဘက်ကို လှည့်ကြည့်လာသည်။

"အင်း.... ပုဖောင်... "
"သခင်လေးအတွက် ကျွန်မရေယူလာပေးတာပါ "

"အာ ကျေးဇူးတင်ပါတယ် "

       ရေဘူးကိုယူ၍ လော့လော်ဘက်ကို တစ်ချက်လှမ်းကြည့်လိုက်သောအခါ လော့လော်သည် ဟန်ဆောင်ခြင်းကင်းစွာ ပြုံးပြပြီး ယဲ့ရှားလုံတို့ကို လှည့်၍ စကားပြောနေသည်။ ပုဖောင် သူ့ရှေ့ရောက်လာတိုင်း တစ်မျိုးပြောင်းလဲသွားတဲ့ အမူအရာကို ဟွမ်ကျင်းရွှေ သတိထားမိသည်။

       သူ တိမ်လွှမ်းတောင်ထွတ်တွင် ကောင်းကောင်းနေ ကောင်းကောင်းစားခဲ့ရသော အချိန်တုန်းကလည်း မိန်းကလေးတွေ သူ့အနားကို နည်းအမျိုးမျိုးနဲ့ ချဥ်းကပ်ခဲ့ဖူးသည်လေ။ ပုဖောင်က ထိုမိန်းကလေးများနဲ့တော့ မတူချေ။ သူကတည်ငြိမ်လွန်းသည်။

       တစ်ခါတလေ သူ့ခံစားချက်ကို တခြားသူ မရိပ်မိသွားအောင် ဖုံးဖိထားနိုင်သည်။ ဟန်ဆောင်နိုင်သည်။ ဟွမ်ကျင်းရွှေက လော့လော်များ ရိပ်မိနေမလား လှမ်းကြည့်ပေမယ့် သူမကတော့ သူ့ဘက်ကို ပြန်တောင်မလှည့်လာဘဲ စကားကောင်းနေ၏။

       စိတ်ထဲတွင် ဘဝင်မကျဖြစ်သွားသည်။ သို့သော် သူဝန်ခံလိမ့်မည်မဟုတ်။ သူက ပုဖောင်ပေးတဲ့ ရေဘူးကို တစ်ငုံမော့သောက်ပြီးနောက် သူမအား ပြန်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."
"ကျေးဇူးတင်ဖို့ မလိုပါဘူး သခင်လေး...."

"ငါတို့နဲ့လူချင်း ကွဲသွားတုန်းက မင်းတို့အဆင်ပြေကြလား"
"စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး..."

("မဟုတ်ဘူးလေ.... ငါကဒီအတိုင်း မေးကြည့်တာ")

       သူမက ဆက်ဖြေသည်။

"အားလုံး အဆင်ပြေပါတယ်.... မင်းသမီးကို စောင့်ရှောက်ဖို့ ကျွန်မတို့မှာ တာဝန်ရှိနေတော့ မင်းသမီးအတွက်ပဲ စိတ်ပူနေတာ အခုပြန်တွေ့မှပဲ စိတ်အေးသွားတော့တယ်..."
"အဟက် သူကအရင်ကလည်း အဲ့လိုစိတ်မြန်လက်မြန် ခေါင်းမာတတ်တာပဲလေ "

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now