🦋38🦋

484 85 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋38🦋

        လော့လော်က သူ့ကိုမျက်နှာလွှဲထားရင်း ပြန်ပြော၏။

"ထားပါတော့ နင့်အပြစ်မဟုတ်ပါဘူး..."
"အဟက်.... ဒါဆိုကျွန်တော် တစ်ခုလောက်မေးလို့ရမလား "

"ဘာလဲ..."
"ရှန်းကျွင်းနဲ့ မင်းသမီးက ဘယ်လိုဆက်ဆံရေးလဲ "

       လော့လော် ရိယုံအား လှည့်ကြည့်လာသလို ရှီချိုးနဲ့ ယဲ့ရှားလုံသည်လည်း လော့လော်ဆီကို တစ်ပြိုင်တည်း အကြည့်များ ပို့လွှတ်လိုက်သည်။ သူမဘာပြန်ဖြေမလဲဆိုတာ သိချင်နေကြသည့်နှယ်။ သို့သော် လော့လော်က တစ်ခွန်းသာ ပြောလာသည်။

"နင်နဲ့မဆိုင်ဘူး...."
"အာ....."

"ထပ်မေးရင် ဒီပေါ်ကပစ်ချပစ်မယ်..."
"ကောင်းပါပြီ ကောင်းပါပြီ မမေးတော့ပါဘူး.... "

       သူသည် အနောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားပြီး ရှီချိုးကို တိုးတိုးကလေး ကပ်ပြောလိုက်သည်။

"ရှီသခင်လေး.... ဒါသခင်လေးလည်း သိချင်နေတဲ့ မေးခွန်းမဟုတ်လား"

        ရှီချိုးသည် မရယ်မပြုံးနှင့် မျက်နှာလွှဲသွားပါ၏။ ရိယုံပြောတာက ကွက်တိမှန်နေသည်လေ။ ဟွမ်ကျင်းရွှေ နဲ့ လော့လော်၏ ဆက်ဆံရေးကို သူလည်းသိချင်နေခဲ့တာ။ လော့လော်အပေါ် သူပိုဂရုစိုက်မိတိုင်း ဟွမ်ကျင်းရွှေရဲ့အကြည့်တွေက အေးစက်သွားတာကို သတိထားမိသည်။

       ဟွမ်ကျင်းရွှေအတွက်ဆို ရေသောက်တာကအစ ဂရုစိုက်ပေးတတ်တဲ့ လော့လော်အကျင့်ကိုလည်း သူသိနေသည်။ လော့လော်ကို သူဘယ်အချိန်ကစပြီး စိတ်ဝင်စားမိသလဲ မသိတော့ပေမယ့် လော့လော်ကို မိတ်ဆွေဆိုတဲ့ သံယောစဉ်ထက် ပိုနေမိတာကိုတော့ မိမိကိုယ်ကို ကောင်းကောင်းသိသည်။

        လော့လော်က သူလက်လှမ်းမမှီတဲ့ ပန်းတစ်ပွင့်ဆိုတာကိုလည်း သူသိသည်။ လက်လှမ်းမမှီလည်း သူအကောင်းဆုံး ကြိုးစားကြည့်ချင်သေးသည်။

        သူတို့တွေ မြေပြင်သို့ ဆင်းသက်လိုက်ကြ၏။ ခဏတစ်ဖြုတ်နားရန်အတွက် ဖြစ်လေသည်။ အေးတာမကြိုက်တဲ့ ရိယုံက ချက်ချင်းမီးမွှေး၏။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now