🦋56🦋

487 65 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋56🦋

"နင်သူ့ကို မသတ်ပါနဲ့နော်"
"ဘာကြောင့်လဲ...."

"သူ.... သူက "
"သူရှိတဲ့နေရာကို မြန်မြန်ပြောပြရင်ကောင်းမယ် လော့လော်.... သူသာမိတ်မဆက်ပေးခဲ့ရင် လိုင်ကုန်းကျို ငါ့အစ်မဆီရောက်လာမှာ မဟုတ်ဘူး..... "

       ယဲ့ရှားလုံသည် ဒေါသကြောင့် လော့လော်လက်မောင်းကို ဆုပ်ကိုင်ကာ အော်ငေါက်သံတို့ဖြင့် ပြောလိုက်သည်။ ထိုစဥ် ဟွမ်ကျင်းရွှေက လော့လော်ကိုပြန်ဆွဲ၍ ယဲ့ရှားလုံအား တွန်းထုတ်ပစ်သည်။

"အခုအချိန်မှာ လော့လော်လည်း စိတ်နဲ့လူနဲ့ မကပ်ဘူးဖြစ်နေတာ... မင်းအခုလို သူ့ကိုအော်ငေါက်မနေနဲ့"
"ဒါဆိုအဲ့ဒီအဖိုးကြီး ဘယ်မှာရှိနေလဲ ပြောပြ.... ဒါဆိုငါနင်တို့ကို မနှောက်ယှက်တော့ဘူး"

"မင်း...."
"တောထဲကို ပြေးသွားပြီ"

       ပြောပြရန် မစဥ်းစားထားသော်လည်း ကျားဝါပေါ်လာတဲ့ အကြောင်းကို ယဲ့ရှားလုံက သိနေပြီမို့ လော့လော်ကိုယ်တိုင် ပြောပြလိုက်ပါတော့သည်။ ယဲ့ရှားလုံ ပြောတာလည်း မှန်ပါသည်။ ကျားဝါသာ စောင်းတီးတဲ့ မိန်းမလှလေးရှိကြောင်း မပြောပြခဲ့ရင် လိုင်ကုန်းကျိုက ယဲ့ရှားလုံအစ်မဆီ ရောက်မသွားနိုင်ဘူး။

       လော့လော်က ပြောပြီးနောက် ဖြည်းဖြည်းချင်း ကျောခိုင်းထွက်သွားလေသည်။ ဟွမ်ကျင်းရွှေ ယဲ့ရှားလုံအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ ယဲ့ရှားလုံသည်လည်း ဟွမ်ကျင်းရွှေကို တစ်ချက်သာပြန်ကြည့်ပြီး ပြေးထွက်သွား၏။

       ဟွမ်ကျင်းရွှေ လှည့်ကြည့်လိုက်တော့ စောင့်ကြောင့်ထိုင်ကာ ရှိုက်ကြီးတငင် ငိုနေတဲ့ မိန်းကလေး ။ အမြဲတမ်း စွာစွာ စွာစွာနဲ့ သူမလေးက အခုတော့ ဝမ်းနည်းကြေကွဲစွာ ငိုနေရပြီ။ ဟွမ်ကျင်းရွှေပြေး၍ သူမကိုဖက်ထားလိုက်သည်။

       တော်တော်ကြာတော့ သူမငိုရင်း မျက်လုံးများကျိန်းစပ်ကာ အိပ်ပျော်သွားသည်။ ဟွမ်ကျင်းရွှေသူမကို ခုတင်ပေါ်ချပေးပြီးနောက် စားပွဲသို့ပြန်လာကာ စာဖတ်နေ၏။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now