🦋62🦋

510 68 1
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋62🦋

         လော့လော်က ဝင်မေးလာ၏။

"အကြီးအကဲရဲ့မျက်လုံးက ဘယ်လိုဖြစ်တာလဲ "
"သူပဲပေါ့.... ငါက နွီအော်ရဲ့ဂိုဏ်းတူညီအစ်မ သူ့အကြောင်းကိုငါသိသွားတော့ သူငါ့ကိုသတ်ဖို့လုပ်ခဲ့တယ်.... ငါ့အသက်ဘေးက လွတ်သွားပေမယ့် မျက်လုံးတော့ ကွယ်သွားခဲ့တယ်...."

       ဟွမ်ကျင်းရွှေက ချက်ချင်းပြန်ထ၍ ထပ်မံဂါဝရပြုပြီး

"ဂိုဏ်းတူဒေါ်လေးကို ဂါဝရပြုပါတယ်"

       ဂိုဏ်းတူဒေါ်လေးကပြုံးလျက်

"အဲ့တာအရင်က ကိစ္စတွေပါ.... "
"ဒေါ်လေး.... အဖေက ကျွန်တော့်ကို မြေပုံတစ်ခုချန်ထားပေးခဲ့တယ်.... အဲ့ဒါက"

"မြေပုံ?"
"ဟုတ်ကဲ့.... "

"မင်းဆီမှာကိုး.... အဲ့တာသူမသေခင် အပူတပြင်းလုပ်သွားတဲ့ မြေပုံပဲ.... ကျင်းရွှေ ငါကမျက်လုံးမကောင်းတော့လို့ ဒီကိစ္စကို လုပ်နိုင်မှာမဟုတ်ဘူး မင်းပဲလုပ်ရတော့မယ်..."
"ဘာကိစ္စများလဲ...."

"အဲ့ဒီကောင်ကိုသတ်ဖို့...."

       ဟွမ်ကျင်းရွှေက လက်သီးကိုကျစ်နေအောင် ဆုပ်ထားလေသည်။ ဒီကိစ္စက အရင်ကတည်းက ဟုန်ကျင်းချင်ဂိုဏ်းချုပ်ဆိုတာကို ဟွမ်ကျင်းရွှေအနေနဲ့ ရိပ်မိထားတာဖြစ်ကာ ရှီချိုးက ဟုန်ကျင်းချင်ဂိုဏ်းကို မွှေနှောက်သွားပြီး ဂိုဏ်းချုပ်နဲ့လည်း ထိပ်တိုက်ရင်ဆိုင်ခဲ့တာကို မြင်တွေ့သောအခါမှ သူ့ရဲ့ထင်မြင်ချက်က အနည်းငယ် သေချာခဲ့တာ ဖြစ်၏။

        သူတို့တွေ ရှမ်သခင်ကြီးကို သွားကယ်ခဲ့စဥ်က ရှီချိုးသည် ဂိုဏ်းချုပ်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးသည်။ ယခုအခါ ဂိုဏ်းတူဒေါ်လေးက ပြောပြသောအခါမှသာ သူ့အနေနဲ့ လုံးဝကိုတိကျသွားတော့သည်။

       ဂိုဏ်းတူဒေါ်လေးဆိုသော အခေါ်အဝေါ်က ဟွမ်ကျင်းရွှေသည် အမျိုးသမီးအား ပိုပြီးရင်းနှီးအောင် ခေါ်ဝေါ်လိုက်တာဖြစ်ပေသည်။

"ပြီးတော့ကော..."
"ကျင်းရွှေ.... မင်းအမေ မသေသေးဘူး မင်းကြားပြီးပြီလား "

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now