🦋19🦋

596 88 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋19🦋

"မင်းဘာလုပ်တာလဲ"
"သိမ်းလိုက်တာလေ.... ကျင်းကိုကိုက နောက်တစ်ခါစိတ်ထဖောက်တဲ့အခါ ဒီကျောက်စိမ်းပြားကို ထုတ်ပြနေအုံးမှာစိုးလို့ လော့လော်ပဲသိမ်းထားလိုက်မယ်.... "

"လော့လော် ငါလက်စားချေဖို့ ဆုံးဖြတ်လိုက်ပြီ... "
"သိပါတယ်....."

"မင်းက ငါနဲ့အတူ ဒီလိုဒုက္ခတွေခံဖို့ မသင့်ဘူး.... တစ်နှစ်တောင်ဒုက္ခခံပြီးပြီ လုံလောက်ပြီ"
"လော့လော်ကို နှင်လွှတ်နေတာလား"

"အဲ့လိုမဟုတ်ဘူး...."

       ဟွမ်ကျင်းရွှေ သူ့အတွေးနဲ့သူ လော့လော်ကို သူ့အနားကနေ ထွက်သွားစေချင်သော်လည်း ထိုကောင်မလေးက ထွက်မသွားတဲ့အပြင် ဒူးညွှတ်ထိုင်နေရာမှ တင်ပျဥ်ခွေအဖြစ်သို့ ပြောင်းထိုင်လိုက်သည်။ ပြီးနောက် ဟွမ်ကျင်းရွှေအနားကပ်လာ၏။

"နှင်မလွှတ်ပါနဲ့...."

       စကားလုံးတို့က နားစည်ကိုသာမက နှလုံးသားကိုပါ တုန်ခါသွားစေသည်။ နှင်မလွှတ်ပါနဲ့ ဟူသောစကားလုံးသည် အဓိပ္ပာယ်အမျိုးမျိုး ရှိကဲ့သို့ ဟွမ်ကျင်းရွှေသည် ထိုအမျိုးမျိုးသော အတွေးတို့ဖြင့် လော့လော်ကို မျက်တောင်မခတ် ကြည့်နေမိဆဲ။

"ကျင်းကိုကို..... ဘယ်လိုအခြေအနေပဲဖြစ်ပါစေ လော့လော် ဘယ်မှမသွားနိုင်ဘူး..."
"သေချာလား"

"သေချာတယ် ကတိ"

        ဟွမ်ကျင်းရွှေ၏လက်သန်းနှင့် သူမလက်သန်းကိုချိတ်ဆက်လိုက်သည်။

       ညနေစောင်းသော် ဟွမ်ကျင်းရွှေ နှင့် လော့လော်က ပဝါခမောက်တစ်ခုဆီစောင်းလျက် စျေးထဲသို့ဆင်းလာခဲ့သည်။ မျက်နှာသေလေး​ယောက်က သူတို့အနောက်ကနေ ထပ်ကျပ်မကွာ လိုက်လာပေး၏။ သခင်ကြီးရှမ်၏ အိမ်တော်က သူတို့၏တည်းခိုခန်းနှင့် သိပ်မဝေးသော နေရာတွင်ရှိသည်။

       ဆံပင်အရောင်သာမပြောင်းခဲ့ပါလျှင် လေစိမ်းတစ်ချက်တိုက်လိုက်တိုင်း သူ့အသွက်အပြင်ကို ကင်းလှည့်နေသည့် ဂိုဏ်းသားတို့ သတိထားမိသွားနိုင်သည်။ မျက်နှာသေလေးယောက်ကို သခင်ကြီးရှမ်၏အိမ်တော် အနီးရှိ လမ်းဘေးစားသောက်ဆိုင်တွင် ထားခဲ့ပြီး သူတို့နှစ်ယောက်ကတော့ အိမ်တော်ထဲသို့ ဝင်လာခဲ့သည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now