🦋2🦋

998 118 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋 2🦋

"ဒါပေမယ့် လော့လော်က ရှစ်ဇွင်းရဲ့လျိုဝှက်ချက်ကိုသိထားပြီလေ...  အကယ်၍ ရှစ်ဇွင်းကလော့လော်ကို လက်မခံဘူးဆိုရင် ဟုန်ကျင်းကျောင်းတစ်ကျောင်းလုံးကြားအောင် လိုက်အော်ပစ်လိုက်မှာ...."
"မင်း....."

       ဟွမ်ကျင်းရွှေသည် အနှီ မိန်းကလေးကို ဘာဆက်ပြောရမှန်း မသိတော့လောက်အောင်အထိ ဆွံအသွားရသည်။ ငယ်စဉ်ကတည်းက သွတ်လတ်ချက်ချာကာ ပျော်ပါးတတ်သူအဖို့ ဒီကိစ္စလောက်လေးကို သတင်းဖြန့်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ချေ။

       သူမသာ အာပြဲကြီးနဲ့ လျှောက်အော်လိုက်ရင်တော့ သူနှစ်လရှည်ကြာ ထိန်းသိမ်းခဲ့တဲ့ လျိုဝှက်ချက်ကလေးတော့ ကြက်ဥတစ်လုံး ကျောက်တုံးကြီးပေါ် ကျကွဲသွားတဲ့ အဖြစ်မျိုးနဲ့ သွားတူနေပေတော့မည်။

       ဒီလိုဆိုရင်တော့ မဖြစ်သေးချေ။ သူဒီလျိုဝှက်ချက်ကို ထိန်းသိမ်းခဲ့တယ်ဆိုတာက အနာဂတ်မှာ အစီအစဉ်တစ်ခု ချထားတာကြောင့်ပင်။ သူမသာ ပေါက်ကြားအောင်လုပ်လိုက်ရင် အခြေအနေက ကဗြောင်းကပြန်ဖြစ်ပြီး သူကြိုးစားထားသမျှလည်း သဲထဲရေသွန် ဖြစ်ကုန်လိမ့်မည်။

"အား......."

       အသံကျယ်ကျယ် အော်ဟစ်ကာ ကျောက်ပြားပေါ် ပြန်လှဲချလိုက်သည်။

"အထုတ်ခံထားရတာတောင် တပည့်တစ်ယောက် ကောက်ရလိုက်တဲ့ အဖြစ်ပါလား..."
"ရှစ်ဇွင်းစိတ်ချပါ ရှစ်ဇွင်းမျက်နှာပျက်မယ့် အလုပ်မျိုး လော့လော်ဘယ်တော့မှ မလုပ်ဘူး....တကယ်ပြောတာ"

"ဘာတွေလာပြောနေတာလဲ"

       လှဲအိပ်နေရာမှ ခေါင်းလှည့်ကြည့်ကာ မေးလိုက်သည်။ မျက်နှာပျက်မယ့် အလုပ်မျိုး မလုပ်ဘူးတဲ့လား။ ဒီကောင်မလေး ဦးနှောက်များပျက်သွားသလား။ သူကဘယ်နားမှာ မျက်နှာရစရာရှိနေလို့ မျက်နှာပျက်ရမှာလဲ။

      သူ့အဖေကြောင့်သာ မဟုတ်ရင် တိမ်လွှမ်းတောင်ထွတ်ကိုလည်း သူလက်လွှတ်လိုက်ရလောက်ပြီ။ သူကအခု သူများတွေ ခြေဖဝါးအောက်က ဖုန်မှုန့်လောက်တောင် အဖြစ်မရှိတော့ဘူး။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now