🦋27🦋

545 85 2
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋27🦋

"ရပ်စမ်း...."

       လိုင်မုန် မြှောက်ထားသည့် သိဒ္ဓိလက်ဝါးကို ပြန်ချသည်။

"မိစ္ဆာမ ဘယ်မှာလဲ"
"ဘယ်မိစ္ဆာမလဲ"

"ယဲ့ရှားလုံ...."
"အာ သူလား.... သူအထဲမှာရှိတယ် ဒါပေမယ့်.... "

       လိုင်မုန်သည် သူမဘာဆက်ပြောမလဲဆိုတာကို နားမထောင်ချင်တော့ပေ။ သူကဓားဆွဲထုတ်ကာ အစီအရင်မီးအိမ်ကို ခုတ်ပိုင်းပစ်လေသည်။ ဝုန်းဟူသော မြည်သံကျယ်ကြီး တောင်ခြေတစ်ခွင် မြည်ဟီးသွားပြီး လိုင်မုန်တစ်ယောက် အဝေးပစ်ကျောက်ခဲတစ်လုံးလို လွင့်ပစ်ခံလိုက်ရတော့သည်။

       လော့လော်နှင့်ချင်းယန် လိုင်မုန်အတွက် စိတ်မကောင်းတောင် ဖြစ်မိသွားသည်။ လိုင်မုန်၏ငယ်သားများက အပြေးအလွှား သွားရောက်ထူကြသည်ကိုပင် လိုင်မုန်က စိတ်ဆိုးဒေါသထွက်ကာ အော်ငေါက်ပစ်သေးသည်။

       ထိုစဥ် ယဲ့ရှားလုံသည် လေဟုန်စီး၍ သူတို့အနားကို ရောက်လာသည်။

"ကောင်းတယ် မင်းထွက်လာပြီပေါ့.... ငါအခုမင်းကို သတ်ပစ်မယ် "

       ယဲ့ရှားလုံသည် အစီအရင်မီးအိမ်အား ကျော်ဖြတ်၍ လိုင်မုန်နှင့် ထိပ်တိုက်ရင်ဆိုင်လေသည်။ အရင်တစ်ခေါက်က လိုင်မုန်သည် ဖခင်ဇောကြောင့် ဓားချက်တွေက ဟန်ပျက်နေသော်လည်း ယခုတစ်ခေါက်တွင်တော့ သိသိသာသာ ပြန်လည်ခုခံလာတာကို တွေ့ရသည်။

       ယဲ့ရှားလုံ၏ လက်ဝါးတို့သည် အားအပြည့်ပါဝင်သည်။ လက်ဝါးနှင့် ဓားချွန်ထိပ်တိုက်တွေ့ဆုံလိုက်တိုင်း ပြင်းထန်သော သိဒ္ဓိစွမ်းအင်တွေကြောင့် သစ်ပင်ဝါးပင်တို့ပင် ယိမ်းယိုင်လို့သွား၏။ လော့လော်သည် စည်းအပြင်ဘက်ကိုမထွက်ဘဲ အပြင်အထန်တိုက်ခိုက်နေသူ နှစ်ယောက်ကို လက်ပိုက်ကြည့်နေတယ်တဲ့လေ။

       အနိုင်အရှုံးမပေါ်။ နှစ်ယောက်လုံးက အထိနာနေပြီဖြစ်သော်လည်း တစ်ယောက်ကမှ နောက်မဆုတ်ဘဲ ထပ်ခါတလဲလဲ တိုက်ခိုက်နေကြသည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now