🦋42🦋

469 69 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋42🦋

"သေချာပေါက်ပဲပေါ့"

        ဟွမ်ကျင်းရွှေက ဝင်၍ ထောက်ခံလိုက်သည်။

"လူဦးရေက ကျင့်ကြံသူတို့စျေးကွက်က လူဦးရေလောက်မရှိပေမယ့် ဒီနေရာက တကယ်စည်းကားခဲ့တာ... "
"ဒါပေမယ့် မြို့ကကံမကောင်းခဲ့ပါဘူး"

        ရိယုံက ဝမ်းနည်းသံပါသည့် လေသံဖြင့် ဝင်ဆိုလာသည်။ သူက အိမ်တစ်အိမ်၏တိုင်လုံးကို လက်ဝါးဖြင့် သွားဆုပ်ကိုင်လိုက်ပြီး ကြေကွဲနေသော အသံဖြင့် ပြောလာခဲ့သည်။

"တစ်မြို့လုံး အသက်စွမ်းအင် အသုံးချခံလိုက်ရတယ်လေ..."

        အားလုံး၏ကြားတွင် အပ်ကျသံ မကြားရလောက်အောင် တိတ်ဆိတ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် အသက်စွမ်းအင် အသုံးချပြီး ကျင့်စဥ်စွမ်းအားကို မြှင့်တင်တဲ့ကိစ္စက ကျင့်ကြံသူလောက၏ အိမ်မက်ဆိုးကြီးလို တည်ရှိခဲ့တာမို့။

       အသက်စွမ်းအင်ကို အသုံးချသူသည် အနိမ့်ပိုင်းကျင့်ကြံရေးလောက သို့တည်းမဟုတ် သာမန်ပြည်သူပြည်သားများကိုသာ အသုံးချတတ်သည့် ပညာရပ်မျိုးဖြစ်ကာ အလွန်ရက်စက်လွန်းသည်။ မသိနားမလည်သေးတဲ့ ကလေးလေးတွေကိုကအစ သတ်ဖြတ်ပစ်သော သူဖြစ်သည်။

       ထိုပညာကို အသုံးချသောသူသည် လွန်ခဲ့သော ၁၃နှစ်ကျော် ၁၅နှစ်ခန့်လောက်ကလည်း ပေါ်လာသေးသည်။ ကျင့်ကြံသူများ စည်းစည်းလုံးလုံးနဲ့ ထိုသူအား ဖယ်ရှားခဲ့ရ၏။

       ကြောက်စရာကောင်းသော အဖြစ်ဆိုးမျိုးကို မြေအောက်မြို့ကလူတွေလည်း ခံစားခဲ့ရတယ်တဲ့လား။ ဟွမ်ကျင်းရွှေလိုပဲ ကျန်သောသူများလည်း ငြိမ်လျက်ရှိနေသည်ကို ရိယုံသည် ဖြည်းဖြည်းချင်း လှည့်ကြည့်လာကာ

"ဘာဖြစ်နေကြတာလဲ..."
"ရိယုံ.... နင်ဒီအကြောင်းကို ဘယ်လိုလုပ် သိတာလဲ"

       ရိယုံက လော့လော်အား ပြုံးပြလိုက်ကာ

"ကျွန်တော်က စာဖတ်ရတာ ဝါသနာပါတယ်လေ... ကျွန်တော်သိသမျှက စာအုပ်ထဲက အရာတွေပဲ စောစောက မင်းသမီးပြောသလို မီးပုံးတွေကို မန်းမှုတ်ခဲ့တဲ့သူက အသက်စွမ်းအင် စတေးခံလိုက်ရတဲ့ ပြည်သူတွေထဲမှာ နောက်ဆုံးကျန်ခဲ့တဲ့သူ ဖြစ်နိုင်လောက်တယ်"
"ငါလည်း အဲ့လိုထင်နေတာ "

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now