🦋18🦋

602 83 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋18🦋

       နံနက်ရောက်သောအခါ။ နေမင်းကြီးတောင် လောကကြီးထဲ အလင်းမပေးရသေးခင် သူတို့အဖွဲ့ကတော့ မြင်းပေါ်ရောက်နေလေပြီ။ မြင်းစထွက်သည်နှင့် ဟွမ်ကျင်းရွှေက လော့လော်အား ငုံ့ပြောလိုက်၏။

"အိပ်ငိုက်နေရင် ပစ်ချခဲ့မှာ..."
"စိတ်ချ.... မငိုက်စေရဘူး..."

       တောလမ်းများ၊ သစ်ငုတ်တိုများသာ ရှိနေတဲ့ လွင်ပြင်များကို ဖြတ်ကျော်ပြီးနောက်တွင် ဟုန်ကျင်းချင်ဂိုဏ်း၏ မူလတည်နေရာ ချင်းမြို့တော်သို့ ရောက်ခဲ့သည်။ ချင်းမြို့တော်ဟာလည်း ကျင့်ကြံသူတို့စျေးကဲ့သို့ပင် သိဒ္ဓိစွမ်းအင် ပေါများကြွယ်ဝသော ပစ္စည်းနှင့် အစားအသောက်များကိုသာ အသုံးပြုကြလေသည်။

       အိမ်တိုင်းရှိ လူတိုင်းက ဂိုဏ်းဝင်မိသားစုတွေဖြစ်လေသည်။ ဟုန်ကျင်းချင်ဂိုဏ်းသည် တောင်နှစ်လုံးအလယ်ရှိ ချိုင့်ဝှမ်းထဲတွင် တည်ထားထားဖြစ်၏။ ဂိုဏ်းချုပ်နှင့် အရေးကြီးဂိုဏ်းသားတွေကတော့ တောင်ထိပ်က အဆောက်အအုံများထက်တွင်သာ နေထိုင်သည်။

       သူတို့တွေ မြင်းပေါ်ကဆင်း၍ ဂိတ်တံခါးဝတွင် စစ်ဆေးနေခြင်းကို လှမ်းချောင်းကြည့်၏။ ရှီချိုးက သူတို့ဘက်လှည့်လာသည်။

"လော့လော် ငါ့မှာရှစ်ဇွင်းပေးလိုက်တဲ့ တာဝန်တစ်ခုရှိသေးတာမလို့ အထဲရောက်ရင်တော့ လမ်းခွဲရလိမ့်မယ်..."
"အင်းပါ.... ဝင်ခွင့်ပြိုင်ပွဲမှာ တွေ့ကြတာပေါ့"

       ရှီချိုးက သူတို့ကိုနှုတ်ဆက်ကာ ထွက်သွားလေသည်။ လော့လော်သည် သိုလှောင်လက်စွပ်ထဲက အဖြူရောင်ပဝါစပါသော ခမောက်တစ်ခုကို ထုတ်ယူလိုက်ပြီး ဟွမ်ကျင်းရွှေခေါင်းပေါ် တင်ပေးလိုက်သည်။

"ဘယ်သူမှ တွေ့လို့မဖြစ်ဘူး...."

       ကြိုးလေးကိုပါ အစစ်ချည်ပေးသေးသည်။ သို့နှင့် ဂိတ်တံခါးဝရောက်သော်

"အမိန့်ပြားပါလား...."

       လော့လော်သည် အရှေ့သို့ထွက်၍ လက်သီးလက်ဝါးဆုပ်ကာဖြင့် ရိုသေစွာ ဂါဝရပြုသောအခါမှ တစ်ဖက်ဂိတ်စောင့်ကလည်း သူမကိုပြန်၍ နှုတ်ဆက်လာ၏။ လော့လော်သည် ခရမ်းရင့်ရင့် တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်သည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now