🦋40🦋

514 76 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋40🦋

"လူစုကွဲသွားတယ်?"

"ဟုတ်ကဲ့"
"ဟုတ်ကဲ့"

       ဟွမ်ကျင်းရွှေက ဘေးဘက်ကို ကြည့်လိုက်သည်။ တစ်ယောက်ယောက်ကတော့ ပျောက်နေပြီ။ မနီးမဝေးက သစ်ပင်ကို လှမ်းကြည့်လိုက်တော့ ယဲ့ရှားလုံ နဲ့ ရိယုံက သစ်ပင်ပေါ်တစ်ယောက် သစ်ပင်အောက်တစ်ယောက် အိပ်နေကြဆဲ။

       သူက လော့လော်ဘက်ကို ပြန်လှည့်ကာ

"ရှီချိုးဘယ်မှာလဲ..."

"သူကော ဒီမှာရှိနေတာလား"

       ရွမ်နျန်းသည် အံ့သြကြီးစွာ မေးလိုက်ပါ၏။ လော့လော်ဘက်က ခေါင်းညိတ်ပြပြီး အနီးနားတွင် မျက်လုံးနှစ်လုံးကိုသုံးကာ လှည့်ပတ်ရှာကြည့်သည်။ ဟွမ်ကျင်းရွှေသည် ချုံပုတ်တစ်ခုနားသို့ ရောက်သွား၏။

       ချုံပုတ်သည် သူ့သဘာဝအတိုင်း မရှိတော့ဘဲ လူနှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးနေလေပြီ။ သွေးစအချို့ပင် သစ်ရွက်ပေါ်၌ တွေ့နေရ၏။ ရွမ်နျန်း ထိုအနား ပြေးလာသည်။

       သူမက ချုံကြားထဲရှိ တစ်စုံတစ်ခုအား ဆွဲခေါ်သွားလို့ ကျန်ခဲ့သော လမ်းကြောင်းကိုကြည့်လိုက်သည်။

"ရှီသခင်လေးကို မကောင်းဆိုးဝါးကောင် ဖမ်းသွားတာလား"
"ရှီချိုးကို ဘယ်သူဖမ်းသွားတာလဲ"

       လော့လော်ကပါ စိုးရိမ်တကြီးနဲ့ ဝင်မေးလာ၏။ ရွမ်နျန်းက ဆွဲခေါ်ခံရဟန်ပေါ်သည့် လမ်းကြောင်းကို စစ်ဆေးနေသည်။ ဟွမ်ကျင်းရွှေကတော့ ခေါင်းခါသည်။

"မဖြစ်နိုင်တာ.... တိုက်ခိုက်သံတွေ မကြားရဘူး...."

"မဟုတ်ဘူး"

       ရွမ်နျန်းက ကန့်ကွက်လာသည်။

"မကောင်းဆိုးဝါးကောင်က အသံတိတ်လှုပ်ရှားတာ သူကသူ့ရန်သူ သတိလွတ်နေတဲ့အချိန်ကို ရွေးပြီးတိုက်ခိုက်တတ်တယ်... ပြီးတော့ လှုပ်ရှားတာကလည်း မြန်တော့ ဟွမ်သခင်လေး သတိမထားမိတာ ဖြစ်ပါလိမ့်မယ် "

("သတိမထားမိရအောင် ငါကနားပင်းနေတာမှ မဟုတ်တာ....")

       စိတ်ထဲကနေသာ ပြောလိုက်ပါသည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now