🦋52🦋

475 64 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                     🦋52🦋

       မိဖုရားရင်က မနက်စောစော ထတတ်သော အကျင့်ရှိတာကြောင့် လော့လော် အစောကြီးလာသောအခါတွင် သူမနဲ့သာ အရင်ဆုံလေ၏။ အိပ်နေဆဲ ကလေးလေး၏ နဖူးကို အနမ်းဖွဖွလေး ပေးပြီး ကလေး၏လက်ကောက်ဝတ်တွင် ကြိုးလေးတစ်ချောင်းကို စွပ်ပေးလိုက်သည်။

"မမ.... ဒါက အကာအကွယ်ကြိုးလေးပါ ကျင်းကိုကိုကိုယ်တိုင် လုပ်ပေးထားတာ ဒါလေးကို တူလေးအတွက် လက်ဆောင်ပေးခဲ့မယ်နော်... သူကြီးလာတဲ့အခါ ဒီလက်ကောက်လေးက သူ့ဒေါ်လေးက ပေးခဲ့တယ်ဆိုတဲ့အကြောင်းတော့ သေချာပေါက် ပြောပြရမယ်နော်"
"လော့လော်.... သွားတော့မှာလား...."

       လော့လော်ပြုံး၍ မိဖုရားရင်ကို ဖက်လိုက်သည်။

"လော့လော် ကံကြမ္မာနဲ့ တိုက်ပွဲဝင်ရအုံးမယ်...ဒါနဲ့..."

       ဖက်ထားတာကို ပြန်လွှတ်ပြီး

"တူလေးနာမည်?"
"လော့ရှီးထွမ်..."

"လော့ရှီးထွမ်?.... ဟီး.... နာမည်လေးက ချစ်ဖို့ကောင်းတယ် ညီမအားတဲ့အခါ ကျင်းကိုကိုနဲ့အတူ ပြန်လာခဲ့မယ်နော် "
"လမ်းမှာဂရုစိုက်အုံး...."

"အင်း...."

       လော့လော် ထွက်သွားမည်အလုပ် ။

"လော့လော် ခဏနေအုံး...."

       မိဖုရားရင်သည် တံခါးဝအထိ ပြေးလာပြီး လက်ဝါးဖြန့်ကာ သိဒ္ဓိစွမ်းအင်များ လွှမ်းခြုံလျက် ဓားတစ်ချောင်းကို ဖန်ဆင်းလေသည်။ ပြီးနောက် လော့လော်လက်ထဲထည့်ပေး၏။

"ယူသွား....."
"ဒါက...."

"ဒါက ဓားအဖြစ်ကော ကြာပွတ်အနေနဲ့ကော သုံးလို့ရတယ်.... မမက ညီမလေးကို မွေးနေ့လက်ဆောင် ပေးတာ... အဲ့ဒီနေ့က ဗိုက်နာနေတော့ ညီမလေးရဲ့မွေးနေ့မှာ မလာနိုင်ခဲ့ဘူးလေ... မမရဲ့လက်ဆောင်လေး ယူသွားနော် "
"ကျေးဇူးတင်ပါတယ် မမရင်...."

"ငါ့ရဲ့ညီမလေး ဘေးရန်ကင်းကင်းနဲ့ ပြန်လာပေးပါ"
"အင်း...."

       သူမသည် မိဖုရားရင်ကို နှုတ်ဆက်ပြီး ဘုရင်ကြီး၏နန်းဆောင်ဆီသို့ ရောက်လာခဲ့၏။ ဘုရင်ကြီးသည် ဟွမ်ကျင်းရွှေနှင့် ရယ်ရယ်မောမောဖြင့် စကားကောင်းနေကြပုံပင်။ လော့လော်ဝင်လာတာတောင် ဂရုမစိုက်နိုင်ကြချေ။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now