🦋44🦋

461 77 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋44🦋

"အား..... မင်း...."
"သေချင်နေတာလား"

"မင်းတော်တော်အားပြင်းတာပဲကွာ.... အား.... ငါ့ကျော ငါ့ကျောရိုး...."

       ယဲ့ရှားလုံ လက်ထပ်မြှောက်ကာ ရိုက်ရန်ပြင်လိုက်သော်လည်း ရိယုံက သူ့ကျောပြင်တကယ်နာသွားသည့်ဟန် ပြုလုပ်နေသောအခါ ယဲ့ရှားလုံ၏လက်တို့ အောက်သို့ပြန်ကျလာ၏။ ပြီးနောက် ရိယုံကိုသွားထူလိုက်သည်။

"ရလား...."
"အင်း.... အင်း အား.... ငါတကယ်နာသွားတာ မင်းကငါ့ကို သက်ညှာဖို့မစဥ်းစားထားဘူးလားကွာ"

"မင်းအရင်စတာလေ..."
"ဟုတ်ပါပြီ... တောင်းပန်ပါတယ် အား အား.... ထွက်လမ်းရှာရအောင် "

"အင်း...."

       ဂူနံရံက ဘာအစီအရင်နဲ့ ပိတ်ထားသလဲ မသိသော်လည်း သူတို့နှစ်ယောက်ပေါင်းပြီး ဖြိုတာတောင် မရချေ။ တဖြည်းဖြည်းနဲ့ လေးရက်ကြာသွားခဲ့ပြီ။ လေးရက်လုံးလုံး သူတို့နှစ်ယောက် ထိုဂူကျဥ်းထဲတွင် ပိတ်မိနေခဲ့သည်။

       တစ်ဖက်တွင်ရှိသော လော့လော်သည်လည်း အပြင်ထွက်ခွင့်မရသေးပေ။ သူမဘယ်လောက်ပဲ လက်နက်အစုံနဲ့ ကြိုးစားကြိုးစား နန်းဆောင်တံခါးက ပိတ်မြဲပိတ်နေသည်။ နောက်ဆုံးတွင်တော့ သူမ၏ကိုယ်ပိုင် အစွမ်းအစကို ထုတ်သုံးရမယ့်အချိန်ကို ရောက်လာပြီ။

       လက်အစီအရင်တည်ကာ သိဒ္ဓိစွမ်းအင်တို့ကို ခန္ဓာကိုယ်တစ်ခုလုံးပေါ် ဖြတ်သန်းစီးဆင်းစေလိုက်သည်။ သူမနောက်ကျောတွင် သိဒ္ဓိစွမ်းအင်များကြောင့် အလင်းငွေ့ကိုးခုက တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့သည်။

"သုံးရက်ကျော်သွားပြီ ရှီချိုး.... ငါနင့်ကိုဆက်ပြီး သည်းမခံနိုင်တော့ဘူး...."

       မြေပေါ်ဖနောင့်တစ်ချက်ပေါက်ကာ လေထုအလယ်၌ ကိုယ်ကိုတစ်ပတ်လှည့်၍ စွမ်းအင်လက်ဝါးကို ရိုက်ပစ်လိုက်သော် အလင်းငွေ့ကိုးခုသည် နန်းဆောင်တံခါးကို အရှိန်ပြင်းပြင်း ပြေးတိုက်ဖျက်စီးပစ်တော့သည်။ နန်းဆောင်တံခါးများ ​ကျိုးပဲ့ပျက်စီးသွားသော် တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြေးထွက်ခဲ့၏။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now