🦋47🦋

468 73 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋47🦋

        ရှာရခက်တဲ့ နတ်ဆိုးမွေးဖွားခြင်းတောင်ကို သိပ်တောင်မရှာလိုက်ရဘဲ တွေ့လိုက်တာကကော ဟွမ်ကျင်းရွှေအဖေက အရင်ရောက်နှင့်ခဲ့ပြီး စစ်ရှုံးတောင်ကဲ့သို့ အစီအရင် တည်ခဲ့လို့လားဟု တွေးရအောင်လည်း အစီအရင်လုပ်ထားသည့် ပစ္စည်းကိုလည်း မတွေ့ရချေ။

       သူတို့အားလုံး ဓားပျံတွေနဲ့ နတ်ဆိုးတောင်ကို အပေါ်စီးကနေ ကြည့်လိုက်သောအခါ နတ်ဆိုးတောင်သည် ယခင်ကဲ့သို့ ကြောက်စရာကောင်းသော တောင်ကြီးမဟုတ်တော့ဘဲ စိမ်းစိမ်းစိုစိုနဲ့ လှပနေ၏။ နတ်ဆိုးတစ်ကောင်ကာ ခြေထောက်များကို ကွေးလျက် အိပ်နေသည့်ပုံစံမျိုး ဖြစ်သည်။

        အလယ်တွင် ခွပ်နေသော မြေပြန့်ရှိပြီး လှပသော ရေပြာကန်လေးတစ်ကန်တောင် ရှိနေသေးသည်။ လော့လော်က မယုံနိုင်စွာ ပြောလိုက်သည်။

"ဒါနတ်ဆိုးတောင်လား နတ်ဘုရားတောင်လား.... လှလိုက်တာ"

       ဟွမ်ကျင်းရွှေက သူမနဖူးကို လက်ညှိုးနဲ့အသာခေါက်ကာ

"နတ်ဆိုးတောင်ပါ ဆင်းကြည့်ရအောင် "
"အွန်း....."

       နတ်ဆိုးတောင်သည် သူတို့ထင်ထားသလို ကြောက်စရာမကောင်းဘဲ ရှုခင်းတို့က စိတ်ကိုကြည်လင် အေးချမ်းစေသည်။ မိစ္ဆာသိဒ္ဓိတို့ ဟိုတစ်နေရာ သည်တစ်နေရာ စုနေသော်လည်း ထူးဆန်းစွာ သူတို့ကို လာမတိုက်ခိုက်ပေ။ ဓားပျံပေါ်ကဆင်း၍ အားလုံးက ဓားပျံကို သိမ်းလိုက်ကြသည်။

       လော့လော်က မေး၏။

"ဆေးမြစ်က ဘယ်လိုလဲ.... ဆေးမြစ်အရင်ရှာရအောင်"
"ကျိန်စာအမှတ်အသားက ကုသဖို့ခက်တယ်.... ဆေးမြစ်က သူ့စွမ်းအင်တွေ ပါမသွားအောင် ခဏပဲထိန်းထားနိုင်မှာ.... သူက မိစ္ဆာသိဒ္ဓိတွေ လွှမ်းခြုံနေတဲ့ ဆေးပင်ပဲ အရွက်ချွန်တယ် "

"အရွက်ချွန်?"

       လော့လော်နဲ့ ချင်းယန်က စတင်လိုက်ရှာသည်။ ကျီစုသည် ပုဖောင်အား ကျောက်တုံးကြီး တစ်တုံးကို မှီထားစေပြီး သူလည်း အရွက်ချွန်ချွန် မိစ္ဆာသိဒ္ဓိဆေးမြစ်ကို လိုက်ရှာနေ၏။ ပုဖောင်သည် သူမအတွက်နဲ့ အလုပ်ရှုပ်နေကြသူများကိုကြည့်ကာ ရင်ဘတ်က တင်းကျပ်လာသည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now