🦋35🦋

505 78 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋35🦋

       ယဲ့ရှားလုံ သုံးနှစ်ခွဲအရွယ်လောက်တွင် မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရပြီး အစ်မဖြစ်သူကသာ သူ့အတွက် ဒုတိယမိဘ၊ ဒုတိယအသက်လို ဖြစ်လာခဲ့သည်။ ထူးခြားသော ရုပ်ရည်ကြောင့် အစ်မဖြစ်သူသည် နန်းတွင်းစောင်းပညာရှင်များကြားတွင် တစ်မူထူးခြားခဲ့၏။

       ယောကျ်ားသားများ၏ အာရုံကို အဖမ်းစားနိုင်ဆုံး မိန်းမပျိုဟုတောင် ပြည်သူများကြားတွင် နာမည်တစ်ခုတွင်လာသည်။ ညနေတိုင်း သူတို့နှစ်ဦးသည် မြစ်ကမ်းစပ်သို့သွား၍ ငါးဖမ်းကြသည်။ မောင်နှမနှစ်ယောက်လုံးက ညစာကိုငါးကင်နဲ့ စားရတာ သဘောကျသည်လေ။

       ခန္ဓာကိုယ်ချူချာသော မောင်လေးကို လုံးဝမငြိုငြင်ဘဲ ပြုစုပေးသည်။ ရှိတဲ့ငွေလေးနဲ့ မောင်လေး၏ရောဂါကို ကုသပေးရန် သမားတော်ကိုပင့်ခေါ်၏။ မောင်လေးဝမ်းနည်းလာတိုင်း မောင်လေးလက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးသည်။

       ယဲ့ရှားလုံ ဆယ်ကျော်သက်အရွယ် ရောက်လာခဲ့ပြီး တစ်နေ့တွင် ထုံးစံအတိုင်း အစ်မဖြစ်သူ နန်းတော်ထဲ သွားသည်။ ညနေစောင်းတဲ့အထိ ပြန်မလာပေ။ သူသည် ငါးမျှားတံများဖြင့် စောင့်နေရင်း နောက်မကျတတ်သူက နောက်ကျနေတာကြောင့် စိတ်ပူလာသည်။

        ထို့ကြောင့် သူလိုက်သွားစဥ် ယောကျ်ားသားတစ်ယောက်သည် ဝတ်ရုံများကို ပြန်လည်ဝတ်ဆင်ပြီး တံခါးကနေဖြတ်လျှောက်သွားတာ တွေ့လိုက်ရချင်း အထဲကိုပြေးဝင်သွားစဥ် အစ်မသည် ခုတင်ပေါ်တွင် တရှုံ့ရှုံ့ ငိုနေပြီ။ တစ်ကိုယ်လုံးလည်း အဝတ်မကပ်ချေ။

       မေးရန်မလိုအပ်။ ယဲ့ရှားလုံ ကောင်းကောင်းကြီး သိလိုက်လေပြီ။ နောက်တစ်နေ့ နံနက်တွင်တော့ အစ်မဖြစ်သူသည် အလွန်ရှက်တာကြောင့် မိမိအသက်ကို ပေးသွားခဲ့၏။

       ယဲ့ရှားလုံက သက်ပျင်းချ၍ ပြောလာသည်။

"ဒါပဲ...."
"တောင်းပန်ပါတယ်... ကျွန်မဒဏ်ရာဟောင်းကို ဆွမိသွားပြီထင်တယ်...."

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now