🦋17🦋

630 88 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋17🦋

        ဒါကတမင်သက်သက် ရန်စနေပုံပေါ်သော်လည်း မျက်နှာသေလေးယောက်နဲ့ ဟွမ်ကျင်းရွှေတို့မှာ ဘယ်လိုမှပင် မနေချေ။ လော့လော်နှင့် ဟွမ်ကျင်းရွှေသည် တည်းခိုခန်းပိုင်ရှင်ထံသို့ လျှောက်သွားလေသည်။

       ဟွမ်ကျင်းရွှေက မေးလိုက်၏။

"ဆိုင်ရှင်.... အခန်းလိုချင်လို့ပါ..."
"အားနာလိုက်တာရှန်းကျွင်းရယ်.... ဒီကအခန်းတွေက ကုန်သွားပြီ အခန်းလွတ်မရှိတော့ဘူး...."

       ထိုအချိန် တည်းခိုခန်းအပေါ်ထပ်မှ လိုင်မုန်သည် ဆင်းလာရင်း

"အားနာတယ်ကွာ.... ဒီတည်းခိုခန်းမှာ အမှိုက်တွေကို တည်းခွင့်မပေးဘူးကွ ပြီးတော့ ငါတို့အားလုံး အခန်းတွေကိုယူထားပြီးပြီ မင်းတို့တခြားနေရာသာ သွားရှာလိုက်တော့"

       မြို့ကကျဥ်းကျဥ်းလေး ဖြစ်သလို တည်းခိုခန်းကလည်း အနည်းငယ်သာရှိသည်။ ကျန်သော တည်းခိုခန်းများကလည်း အခန်းလွတ်မရှိတော့တာကြောင့် ရှီချိုးပင် သူတို့အနားကို ပြန်ရောက်လာပြီဖြစ်သည်။

       ရှီချိုးကိုမြင်သောအခါ ကျောင်းသားတစ်စုသည် မျက်နှာလွှဲသွားကြလေသည်။ အလင်းမဲ့တောင်ထွတ်က ဆရာဝမ်မုသည် နှစ်တိုင်း တပည့်၅ယောက်သာ လက်ခံသင်ကြားပေးပြီး သူ့လက်အောက်က တပည့်များသည် အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်သွားကြသည်ချည်းပင်။

       ထို့အပြင် ဝမ်မုသည် တခြားသော ဆရာတွေ ၊ အကြီးအကဲတွေနဲ့ သိပ်ပတ်သက်မှုမရှိချေ။ သို့သော် တိမ်လွှမ်းတောင်ထွတ်က သခင်မနွီအော်နဲ့တော့ ပတ်သက်မှုတွေ ရှိခဲ့ကြောင်း ကောလဟာလသတင်းတွေရှိခဲ့တာကြောင့် ကျောင်းသားတို့သည် ဟွမ်ကျင်းရွှေ နှင့် ရှီချိုးကို အတူယှဥ်တွဲ မြင်လိုက်ရသောအခါ မျက်နှာလွှဲကုန်ကြ၏။

       လိုင်မုန်ကတော့ ထိုသို့မဟုတ်ပေ။

"ရှီသခင်လေး ဘယ်လိုလုပ် ရောက်လာရတာလဲ"
"ဘယ်လိုရောက်လာရမှာလဲ အားလုံးက ဟုန်ကျင်းချင်ဂိုဏ်းကို သွားကြမှာပဲ မဟုတ်ဘူးလား"

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now