🦋45🦋

480 73 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋45🦋

        ဟုန်ကျင်းချင်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်သည် ဒဏ်ရာရသည့် ဂိုဏ်းသားများကို စုစည်းလိုက်သည်။ ဟုန်ကျင်းချင်ဂိုဏ်းက ဂိုဏ်းသားတိုင်းက သိုင်းပညာအဆင့် မြင့်ကြသည်ချည်းပင်။ သို့သော် ရှီချိုး၏မကောင်းဆိုးဝါးကောင်များနဲ့ တွေ့သောအခါတွင် သေသူကသေ ဒဏ်ရာရသူကရဖြင့် အထိနာသွားသည်။

       ရှီချိုးသည် မကောင်းဆိုးဝါးကောင်တွေကို ဖန်တီးနိုင်လောက်တဲ့အထိ အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင် ဖြစ်လိမ့်မယ်လို့ မည်သူမှထင်ထားလိမ့်မည် မဟုတ်။ အချိန်အကြာကြီး ဟုန်ကျင်းကျောင်းတွင် ပုန်းခိုခဲ့ပြီးမှ ပါးပြင်ထောင်လာခဲ့သည်။

       မကြာသေးခင်က ယဲ့ရှားလုံသည် ဟုန်ကျင်းချင်ဂိုဏ်း၏ အားထားရသော လိုင်သခင်ကြီးကို သတ်သွားတာ တစ်ချိန်တည်းမှာပင် မကောင်းဆိုးဝါးတွေကို ဖန်တီးနိုင်တဲ့ သူတစ်ယောက်ကလည်း ပေါ်လာသေးသည်။ ထိုသူနှစ်ယောက်က သူတို့ဂိုဏ်းအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာ၏။

       ဒုဂိုဏ်းချုပ်က ဟွမ်ကျင်းရွှေထံ လျှောက်လာစဥ် ရိယုံက ယဲ့ရှားလုံရှေ့ ဝင်ကာထားသည်။ သူကလှည့်ပြောလိုက်သေးသည်။

"တိတ်တိတ်နေနော်...."

       ယဲ့ရှားလုံက ခေါင်းပြန်ညိတ်ပြ၏။ ဒုဂိုဏ်းချုပ်သည် ဟွမ်ကျင်းရွှေရှေ့တွင် ဒူးညွတ်ထိုင်လိုက်သည်။

"ကျင်းရွှေ.... မင်းက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"

       ဟွမ်ကျင်းရွှေက ဒုဂိုဏ်းချုပ်အား မျက်လွှာလှန်ကြည့်သည်။

"ကျွန်တော့်မိဘတွေကို လာရှာတာ"
"ဘယ်လို?"

       ဟွမ်ကျင်းရွှေက ဒုဂိုဏ်းချုပ်ကို အမြဲလေးစားစွာဖြင့် စကားဆိုခဲ့သူ ဖြစ်ပြီး စကားပြောတိုင်းလည်း အရင်ဆုံးဂါဝရပြုပြီးမှ ပြောတတ်သော်လည်း ယခုတစ်ခါကတော့ နည်းနည်း ထူးဆန်းနေတယ်လို့ လော့လော်ခံစားရ၏။

       ဟွမ်ကျင်းရွှေက ဒုဂိုဏ်းချုပ်ကို စူးစိုက်ကြည့်နေကာ ဒုဂိုဏ်းချုပ်ကလည်း ဟွမ်ကျင်းရွှေကို နားမလည်သော မျက်လုံးတို့ဖြင့် ပြန်ကြည့်နေရာ လော့လော်သည် ဟွမ်ကျင်းရွှေကို ဝတ်ရုံတစ်ထည် ခြုံပေးရင်း စကားဖြတ်ပြောလိုက်သည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now