🦋30🦋

544 79 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋30🦋

        ဟုန်ကျင်းကျောင်းတွင် နတ်ဆိုးသားရဲသွေး ပေါ်လာသည်ဟူသော သတင်းကို လေနတ်မင်းက သယ်ဆောင်သွားသလား ထင်မှတ်ရသည်။ ကျင့်ကြံခြင်းလောကတစ်ခုလုံးက ယခုဆို ဟွမ်ကျင်းရွှေကို ရန်သူလို သဘောထားနေပြီ။ လူစင်စစ်ဖြစ်လျက်နဲ့ မိစ္ဆာတစ်ကောင်လို ထင်မှတ်ခံနေရပြီ။

       လမ်းမှာတွေ့ရင်တောင် ဝေးဝေးက ရှောင်ကြသည်။ တိမ်လွှမ်းတောင်ထွတ်က အကူအညီပေးဖူးသော အနိမ့်ပိုင်းကျင့်ကြံရေး ရွာတွေတောင် ဟွမ်ကျင်းရွှေတို့ကိုတွေ့ရင် ထွက်ပြေးကြမလားမသိပါ။ ကျင့်ကြံခြင်းစျေးကွက်ကလည်း ရွှေဝါရောင်မိစ္ဆာကိုတွေ့ရင် ဝေးဝေးရှောင်ဖို့ စာရွက်များပင် လိုက်ကပ်ထားပြီ။

       ကလေးငယ်များကို ရွှေဝါရောင်ဆံပင်နဲ့ လူကိုတွေ့ရင် ပြေးဖို့ မိဘများက သင်ကြားနေကြတာကိုလည်း တိမ်လွှမ်းတောင်ထွတ်က ဟွမ်ကျင်းရွှေ သတင်းကြားမိသည်။ အစကတော့ သူဒေါသထွက်မိ၏။ သို့သော် နတ်ဆိုးသားရဲဆိုတာက လူတိုင်းကြောက်ကြတဲ့ သတ္တဝါမလို့ နောက်ပိုင်းတော့ သူဒေါသမထွက်မိတော့ဘဲ ဝမ်းနည်းလာမိသည်။

        တိမ်လွှမ်းတောင်ထွတ်၏ တောင်ကမ်းပါးမှနေ၍ မြူအထပ်ထပ်စိုင်းနေသော တောင်တန်းများဆီ ငေးကြည့်လိုက်သည်။ အအေးဓာတ်က အစပျိုးလာပြီမို့ ဆောင်းခိုငှက်များ ဟိုတစ်စုသည်တစ်ဖွဲ့ဖြင့် နွေးထွေးသော အရပ်ဆီသို့ ပြောင်းရွေ့နေကြ၏။

        ထိုငှက်များကိုကြည့်ရင်း ဟွမ်ကျင်းရွှေ တွေးမိတာတစ်ခုက သူလည်း ငှက်ကလေးတွေလို လွတ်လွတ်လပ်လပ် ပျံသန်းချင်တယ်ဆိုတာပင်။

       သွေးကြောများ ထွက်ပေါ်လာကတည်းက သူ့လည်ပင်းတွင် အနီရောင်အကြောများ ပျောက်ကွယ်မသွားဘဲ ဆက်ရှိနေခဲ့သည်။ ထိုအရာက အနည်းငယ်ကြည့်ရဆိုးသော်လည်း သူ့ရဲ့ချောမောမှုကိုတော့ ဖုံးလွှမ်းနိုင်ခြင်း မရှိပေ။

       ထိုစဥ် လော့လော်က တိတ်တိတ်ကလေး ရောက်လာကာ သူ့ကိုချောက်ထဲတွန့်ချဟန် ပြင်လိုက်၏။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now