Chapter 50

6.8K 993 359
                                    

ဘာလိုလိုနဲ့ လကို ရက်စားသွားလိုက်တာ March လကနေ April လကိုတောင် ကူးပြောင်းသွားခဲ့ပေပြီ။ Mating Season ကလည်း ဒီတစ်နှစ်အတွက်ဆိုရင် ကိုယ့် Mate ကိုရှာတွေ့ဖို့ နောက်ဆုံးလလို့ ပြောရတော့မှာပေမယ့် အခုလို ကပ်ဆိုးနဲ့ ကြုံနေကြချိန်မှာတော့ အရင်နှစ်တွေကလို ကိုယ့်ကြင်ဖော်ရှာတွေ့ကြဖို့ နောက်ဆုံးလဆိုပြီးတောင် ရင်မခုန်နိုင်ကြတော့။

သမန်းဝံပုလွေသေဆုံးမှု အခြေအနေတွေကလည်း ပိုပိုဆိုးလာတာကြောင့် အခုဆို မြို့အသီးသီး၌ အလုပ်လုပ်ကိုင်နေကြသော သမန်းဝံပုလွေအားလုံးနီးပါး ခွင့်တွေတင်ပြီး ကိုယ့် pack ရှိရာဆီသို့ ပြန်ကုန်ကြကာ ဖြစ်လာတော့မယ့် တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြရပြီမို့ Beijing က တိုက်ကြီးမှာတောင် ဘယ်သူမှ သိပ်မကျန်တော့ပေ။

အချိန်ကား ည ဆယ့်တစ်နာရီခန့်။

အနောက်ပိုင်းအကြီးအကဲ နေထိုင်ရာ Wushi က အိမ်ကြီးထဲမှာတော့ ဟိုးအရင်ကဲ့သို့ တိတ်ဆိတ်မှုက ကြီးစိုးနေတုန်းပင်။ ထိုအချိန်ကြီး၌ လှေကားထစ်တွေကို တစ်ထစ်ချင်း ဖြတ်ကျော်ရင်း အခန်းတစ်ခန်းရှေ့၌ အချိန်အတန်ကြာ ရပ်နေကာ သက်ပြင်းချလိုက်ပြီးမှ အခန်းတံခါးကို အသာအယာတွန်းဖွင့်ဝင်လိုက်ရင်း ကုတင်ပေါ်မှာ အိပ်ပျော်နေပြီဖြစ်သော လူတစ်‌ယောက်အနားသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့တဲ့ အမျိုးသမီးတစ်ယောက်။

မိန်းမတစ်ယောက်ရဲ့ ဘဝမှာ ရင်အနာရဆုံးအချိန်က ကိုယ့်သားသမီး စိတ်ဆင်းရဲနေတာကို ဒီအတိုင်း ထိုင်ကြည့်နေရတဲ့ အချိန်တွေပါပဲ။

အားရန်ကို လိမ်မာရေးခြားရှိအောင်၊ သူ့အဖေလို လမ်းမှားမရောက်အောင် ငယ်စဉ်ကတည်းက ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့ရတယ်။ တကယ်လည်း ကျွန်မ စိတ်တိုင်းကျ ဖြစ်ခဲ့ရတဲ့အထိ လိမ်မာခဲ့တဲ့ သားကိုကြည့်ရင်း ကျေနပ်ခဲ့ရတယ်။

Xiaozhan က ဘယ်သူလဲဟင်လို့ မေးလာတဲ့ ထိုအချိန်ကထဲက အခုလို အခြေအနေတွေထိဖြစ်လာမယ်မှန်းသာသိရင် ထိုအချိန်က သူ့အဖေလုပ်ရပ်တွေကို မရရတဲ့နည်းနဲ့ တားခဲ့မိမှာ အသေအချာပါပဲ။

Destiny drew us Together [Completed] Where stories live. Discover now