Chapter 30

9.2K 1.1K 588
                                    

တစ်နေ့လယ်ခင်းလုံး ဆေးရုံမှာ တရားခံကြောင့် အော်ကြီးဟစ်ကျယ်ဖြစ်ခဲ့သလို အရေးပေါ်လူနာတွေများရတဲ့ကြားထဲ Jackson ကလည်း Yu Chen ကိုအတင်းဆွဲထားပြီး သူ့လက်ကို တငိုငိုတရယ်ရယ်နဲ့ ကုခိုင်းနေလေသည်။ ကံကောင်းထောက်မစွာ လက်ကမကျိုးဘဲ ရောင်သွားရုံလောက်သာမို့ ဆေးထည့် ပတ်တီးစည်းပေးပြီးတာနဲ့ ရဲဌာနကကောင်တွေကို Xiaozhan က မောင်းထုတ်ပစ်လိုက်တော့မှပဲ Yu Chen ရော Xiaozhan ပါ ညနေလောက်ရောက်မှ ခဏထိုင်နားနိုင်ကြတော့တယ်။

"ဟူးးးဒီနေ့က တကယ် ပင်ပန်းတာပဲ။ ညကျရင်လည်း Night duty ရှိသေးတယ်။ Yu Chen..ငါတော့ ပင်ပန်းလွန်းလို့ အိမ်ပြန်ချင်လာပြီ"

"ဘာလဲ မင်းကောင်လေးနဲ့ ခွဲမအိပ်နိုင်လို့မလား"

"Yu Chen!!! ငါ ပင်ပန်းနေတယ်။ လိုက်မစနဲ့"

"ဖြစ်ရတယ်။ မင်းပဲ နေ့လယ်တုန်းက အော်ကြီးဟစ်ကျယ်နဲ့ ငါ့ကောင်လေးလို့ ထပြောတာမဟုတ်ဘူးလား။ ပိုင်ရှင်ရှိတဲ့သူတွေများ ကြွားနေနိုင်လိုက်ကြတာ"

နားနေခန်းမှာ ပင်ပန်းလို့ လှဲနေတာကို ပွစိပွစိ လိုက်ပြောနေသော Yu Chen ကို အသံတိတ်ဆဲရင်းနဲ့ပဲ ဆိုဖာပေါ်ကနေ ကန်ထုတ်လိုက်တော့မှ အဲ့ကောင် နှာခေါင်းရှုံ့မဲ့ကာ စီနီယာ့ဆီ သွားဦးမယ်ဆိုပြီး ထထွက်သွားတော့သည်။

ပုံမှန်ဆို ခုနောက်ပိုင်း ကျွန်တော် Yu Chen နဲ့ရော စီနီယာနဲ့ပါ အခုလို Night duty တူတူမကျဖြစ်တာတောင် ကြာနေပြီဆိုပေမယ့် Yu Chen Night duty တိုင်းမှာတော့ စီနီယာ အမြဲရှိ‌နေတာမို့ အခုတလော သူတို့နှစ်ယောက်တောင် တော်တော်ရင်းနှီးနေသလိုပင်။ နေ့လယ်ခင်းတိုင်းလည်း Yu Chen က တစ်ယောက်တည်းပဲ သီးသန့်ထမင်းစားတတ်တဲ့ စီနီယာ့နား သွားသွားထိုင်ပြီး ကြိုက်လားမသိ၊ မကြိုက်လားမသိ စကားတွေ သွားသွားထိုင်ပြောနေတတ်သည်။

ထိုသို့ တွေးနေတုန်း Yibo ဆီက ဖုန်းဝင်လာတာမို့ ကိုင်လိုက်ရသေးတယ်။

"ဘာတုန်း"

Yibo ခမျာ ဘာမှတောင် မပြောရသေးခင် ညင်သာလွန်းသော အသံလေးက သူ့နားစည်ကို ရိုက်ခတ်လာတာမို့ အရင်က Jackson ကို အဲ့လိုပြောမိတာတောင် မဆီမဆိုင်သနားမိသွားသလိုပင်။

Destiny drew us Together [Completed] Where stories live. Discover now