Extra (5)

5.1K 789 444
                                    

ဘာလိုလိုနဲ့ ဒီနေ့ဆိုရင်ပဲ Jackson တစ်ယောက် Halfeti မြို့လေးကို ရောက်နေတာ တစ်ပတ်တောင်ပြည့်ခဲ့ပေပြီ။ ဒီအတိုင်းသာဆို China ပြန်ဖို့လည်း သုံးပတ်ပဲ လိုတော့တာမို့ ဘာဆက်လုပ်ရမလဲလည်း ပိုပြီး လေးလေးနက်နက် ထိုင်တွေးနေမိ‌တော့သည်။

အားရန်က သုံးရက်လုံးလုံး သတိကောင်းကောင်းမဝင်တာမို့ တကယ့်ကို စိုးရိမ်မိပြီး စိတ်မကောင်းဖြစ်သွားတာတော့ အမှန်ပါပဲ။ Yibo ပြီးရင် အားအကြီးဆုံးလို့ ဆိုနိုင်လောက်အောင် strong ဖြစ်တဲ့ကောင်လေးမို့ ဒီလောက်ထိ သောင်းကျန်းမိသွားခဲ့တာ။

// ဟင်းးးး အားရန်က ဒီလောက်ပျော့ရင်တော့ နောက်အခေါက်တွေဆို လျှော့လုပ်ရမယ့်ပုံပဲ //

ကျွန်တော်တို့ သမန်းဝံပုလွေတွေက အနာကျက်မြန်တဲ့သူတွေမို့ အဲ့နေ့ညက ကျွန်တော် ကိုက်ဖောက်ထားခဲ့တဲ့ သူ့လည်ပင်းက သွေးစို့ရာတွေက လုံးဝသက်သာလာသလို နာရီပေါင်းများစွာ လုပ်လိုက်မိလို့ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတဲ့ သူ့အောက်ပိုင်းကလည်း တဖြည်းဖြည်းသက်သာ‌လာလေသည်။ ဆရာဝန်က အကိုက်အခဲပျောက်ဆေးတွေရော လိမ်းဆေးတွေပါ ပေးခဲ့တာမို့ လိမ်ဆေး သေချာလိမ်းပေးထားရသလို ဆေးကိုလည်း မနည်းဝင်အောင်တိုက်ရသည်။

သို့သော်ငြား အားရန်က အစားတော့ ထမစားတာမို့ ဆရာဝန်ကိုပဲ အားဆေးတွေ ခေါ်ချိတ်ခိုင်းရပြန်လေသည်။ ဒီလောက်ဂရုတစိုက် ပြုစုနေမိတာတောင် အဖျားကတော့ တောက်လျှောက် တက်တက်နေတုန်းမို့ ကြည့်ရတာ သူလည်း Yibo လို အအေးမခံနိုင်တာ ထင်ပါရဲ့။ ဆောင်းတွင်းကြီးမှာ ဒီကောင်လေးကို ရေစိမ်ကန်ထဲမှာကို နာရီပေါင်းများစွာ စိမ်ထားပြီး ဆက်ဆံလိုက်မိတာကြောင့် ထိုကောင်လေး နာလန်ကို ပြန်ထူမလာတော့။

"ကိုကို"

"အင်း ကိုကိုရှိတယ်နော်"

အားရန်က နေမကောင်းရင် အီနေတာမျိုးတော့ မရှိပေမယ့် ကျွန်တော့်ကိုတော့ တစ်နေ့လုံးနီးပါး ရှာနေတတ်သလိုပင်။ မျက်လုံးတော့ပွင့်မလာဘဲ သူ့ဘေးကို လက်လေးတွေနဲ့ လိုက်စမ်းနေတတ်တာမို့ ကျွန်တော် ထမင်းထစားနေတုန်း သူ ရှာမတွေ့ဖြစ်‌နေရင် ခုလို ယောင်ပြီး ခေါ်နေတတ်တာကြောင့် ထမင်းစားရင်တောင် ကုတင်နားလောက်မှာပဲ ထိုင်စားရတဲ့အဖြစ်။

Destiny drew us Together [Completed] Where stories live. Discover now