Extra (11)

4K 602 375
                                    

ညနက်ပိုင်းရောက်လာလေ ဆောင်း‌လေဖြူးဖြူးတွေက ပိုပိုအေးလာသလို လူခြေတိတ်တဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း တဖြည်းဖြည်း တိတ်ဆိတ်လာလေသည်။ သို့သော်ငြား နှင်းဆီနက်တွေ ဝန်းရံထားတဲ့ ခြံဝင်းထဲက တစ်ထပ်တိုက်လေးထဲမှာတော့ ကလေးငိုသံက စူးစူးဝါးဝါးထွက်ပေါ်နေဆဲပင် ဖြစ်သည်။

Jackson တစ်ယောက် လက်တစ်ဆုပ်စာလောက်ပဲရှိတဲ့ ကလေးသေးသေးလေးကို အငိုတိတ်အောင် မချော့တတ်တော့တာကြောင့် အသံထပ်မထွက်အောင် သူ့ပါးစပ်ကို လက်နဲ့အုပ်ထားလိုက်တော့လည်း ကော့ကလန်ထိုးပြီး ငိုနေဆဲမို့ စိတ်ကသိပ်မရှည်ချင်တော့။ ထို့အတွက် ကုတင်ပေါ် သာ ချပစ်လိုက်‌တော့သည်။

// ဟာ! ဒီသေးသေးလေးက ဘာလို့အသံကျယ်ကြီးနဲ့ ငိုနေတာလဲကွာ။ ရိုက်သတ်ချင်လာပြီ //

ပစ်ချလိုက်လည်း ငိုနေဆဲမို့ ထပ်ချော့ရပြန်သည်။

"ဟေ့! မတိတ်သေးရင် ငါ ကိုက်စားလိုက်မှာနော်"

// အားးးး တကယ်စိတ်တိုလာပြီ။ တော်ပါသေးတယ် မိန်းမမရ ကလေးမမွေးခဲ့မိလို့။ နားတွေကွဲတော့မှာပဲ //

တကယ့်ကို မနိုင်လွန်းတော့တာမို့ အားရန်ကို အကူအညီတောင်းဖို့အတွက် သူ ဘာလုပ်နေလဲ ချောင်းကြည့်လိုက်မိတော့ ထိုကောင်လေးက ထူးထူးဆန်းဆန်း ထမင်းတွေထိုင်စားနေတယ်။ ချော့ကျွေးရင်တောင် သိပ်မစားတဲ့ ညစာကို ဇလုံကြီးနဲ့ကို ထိုင်စားနေတာမို့ တကယ်ပဲ သူ တစ်ခုခုဖြစ်နေတာများလား။

ထို့အတွက် ကလေးကို ဂုတ်က ကောက်ယူလာလိုက်ပြီး ထမင်းစားခန်းထဲ ဝင်လာလိုက်တော့သည်။

"အားရန်! မင်း ညစာတွေပါ ဝယ်လာတာပဲ"

"အင်း"

Bai Ran တစ်ယောက် သူ့ဘေးနားသို့ စူးနေအောင် အော်ငိုနေတဲ့အသံနဲ့ ရောက်လာတဲ့ ကလေးကို လှမ်းကြည့်လိုက်စဉ်မှာပဲ စားနေတဲ့ ထမင်းတွေတောင် သီးကုန်ရလေသည်။

"စီနီယာ! ကလေးကို ဘယ်လိုချီထားတာလဲ။ ပြုတ်ကျသွားမယ်လေ"

အားရန်အော်လိုက်မှ သတိရပြီး ဂုတ်ကဆွဲမလာလို့ ပြုတ်ကျတော့မလိုဖြစ်နေတဲ့ ကလေးကို သေချာချီထားလိုက်ရတော့သည်။

Destiny drew us Together [Completed] Where stories live. Discover now