Chapter 7

8.8K 1.3K 215
                                    

ကျွန်တော်တို့၌ ရဲကားနှစ်စီးပါတာကြောင့် ကျန်သော ရဲအရာရှိနှစ်ယောက်အား ထိုတရားခံကို စခန်း၌ ထိန်းသိမ်းထားဖို့အတွက် အရင်သွားခိုင်းလိုက်ရပြီး Bai Ran နဲ့ ကျွန်တော်က နောက်ကားတစ်စီးနဲ့ ကောရှိရာ အရေးပေါ်ဌာနသို့ သွားဖို့လုပ်ကြရသည်။

"ငါ့သားကို ငါ့ဘာသာ ဘာလုပ်လုပ် မင်းတို့ရဲတွေအပူပါလား! အဲ့ခွေးကောင်လေးက တစ်စက်ကလေးမှ သုံးစားမရဘူး။ အလကား...သူ့အမေလိုပဲ။ မင်းတို့တွေ ငါ့ကို အခုပြန်လွှတ်ပေးကြစမ်း!"

မူးမူးရူးရူးနဲ့ ရုန်းကန်အော်ဟစ်ရင်း ရဲတွေဆွဲရာနောက် ပါသွားတဲ့ ထိုလူကို ရွံရှာစက်ဆုပ်စွာ ကြည့်မိရင်း ကလေးကို ပိုတိုးဖက်လိုက်ကာ သူ့၏ နားရွက်လေးတွေကို ပိတ်ထားပေးလိုက်မိသည်။

ကလေး‌က အခုထက်ထိ ကျွန်တော့်အင်္ကျီစကို ကုပ်ဆွဲထားတုန်းမို့ ကျွန်တော်ပဲ ဆက်ချီထားလိုက်ပြီး Bai Ran ကိုသာ ကားမောင်းစေလိုက်ရတယ်။

ရင်ခွင်ထဲက ကလေးလေးက တဆတ်ဆတ်တုန်နေတဲ့အပြင် ‌တချို့ဒဏ်ရာတွေဆီကနေ သွေးတွေစိမ့်ထွက်နေတုန်းဖြစ်‌နေတာကို စိုးရိမ်လာတာကြောင့် Bai Ran ကို သတ်မှတ်နှုန်းထက် ပိုတင်ပြီး မောင်းခိုင်းလိုက်မိတဲ့အထိ။

Beijing United Family Hospital

အရေးပေါ်ဌာနထဲ ကလေးတစ်‌ယောက်ကို ချီပြီးပြေးဝင်လာသော Yibo နဲ့ Bai Ran ကို Lian တွေ့လိုက်ရတာကြောင့် ချက်ချင်းပင် ကုတင်တစ်ခု အမြန်ပြင်ခိုင်းလိုက်ရသည်။

ကလေးက Accident များဖြစ်လာလို့လားပဲ!!

"ကော...ဒီကလေးကို အရင်ကြည့်ပေးဦး"

"အင်း ကုတင်ပေါ် အရင်ချလိုက်။ ဟောက်စ်တစ်ယောက်လောက်...ငါ့ကို ဆေးထည့်ဖို့ ပစ္စည်းတွေ ယူခဲ့ပေး"

စီနီယာ လှမ်းခိုင်း‌နေတာကြောင့် ဆေးပစ္စည်းတွေတင်ထားရာ trolley ကို Xiaozhan ဆွဲလာလိုက်ရသည်။

ဒီနေ့က မနေ့ကထက်တောင် အရေးပေါ် လူနာတွေများနေတာကြောင့် Yu Chen တို့လဲ တခြားစီနီယာတွေကို ကူနေရသည်။ ထို့ကြောင့် စီနီယာ့အနားမှာ ကျွန်တော်သာ ရှိနေတယ်။

Destiny drew us Together [Completed] Where stories live. Discover now