Chapter 16

9.2K 1.3K 478
                                    

ဝေ့ဆိုင်းအုပ်မှိုင်းနေတဲ့ အဖြူရောင်နှင်းမြူများကြား မနက်ခင်းအလင်းရောင်က သစ်ရွက်များပေါ်  ဖြာကျလာသည်။ ထိုသစ်ရွက်တွေပေါ် တွဲလဲခို‌နေ‌သော နှင်းရည်နှင်းစက်များ၊ တသွင်သွင်စီးဆင်းနေသော ရေစီးသံလေးများအပြင် ငှက်ဖိုငှက်မတို့၏ တစ်တီတူးသံတို့ဖြင့် အေးချမ်းလှပနေသည့် ရှန်ဟိုင်းတောအုပ်ကြီးက မနက်ပိုင်းမှာ ပြန်ပြီးအသက်ဝင်လာပြန်လေသည်။

ယခုအချိန်တွင် ထိုတောအုပ်ကြီးထဲသို့ ခရီးသွားတစ်ယောက်ယောက်များ မျက်စိလည် လမ်းမှားလာပါက နှာခေါင်းသွေးထွက်ကာ မူးမေ့ပင် လဲသွားနိုင်လောက်အောင် အရသာရှိလွန်းသော မနက်ခင်းမြင်ကွင်းလေးကို မြင်ရမှာအမှန်ပင်။ တခြားတော့မဟုတ် မနက်မိုးလင်းထဲက တဝုန်းဝုန်း တရုန်းရုန်းနဲ့ စုဝေးနေကြသော Model များထက်ပင် လှပဆွဲဆောင်မှုရှိသည့် သမန်းဝံပုလွေ ယောကျ်ားလေး၊ မိန်းကလေးများ အုပ်စုလိုက် အုပ်စုလိုက် အားကြိုးမာန်တက် လေ့ကျင့်ခန်းလုပ်နေကြသည့် မြင်ကွင်းပင်ဖြစ်သည်။

ယနေ့လပြည့်ညတွင် Werewolf အသွင်ပြောင်းကြရတော့မှာမို့ ခုမနက်ပိုင်းမှာတင် အကြောလျှော့တဲ့အနေနဲ့ အားလုံးလေ့ကျင့်ခန်း လုပ်ကြရလေသည်။ လူပုံစံကနေ Werewolf အသွင်ကို ပြောင်းတဲ့အချိန်သည် သမန်းဝံပုလွေများအတွက် တိရစ္ဆာန်ဗီဇသဘာ၀က အမြင့်ဆုံးအချိန်မို့ လူတွေနေသည့်နေရာများသို့ စိတ်လွတ်ကာ ပြေးထွက်သွားခြင်းမျိုး၊ အကြောင်းမရှိဘဲ သက်ရှိသတ္တဝါများကို သတ်ဖြတ်မိခြင်း အစရှိသည့် ဖြစ်ရပ်များ မဖြစ်စေရန် ကိုယ့်အုပ်စုနဲ့ကိုယ် လေ့ကျင့်ခန်းစုလုပ်ကြရသဖြင့် Xiaozhan တို့အားလုံး အကြောလျှော့ရုံမက အလေးမ၊ ဒိုက်ထိုး၊ ‌အပြေးကျင့်ခြင်းများကို အားလုံးတူတူလုပ်နေကြရသည်။ အခုလို လေ့ကျင့်ခန်းများ လုပ်ခြင်းဖြင့် ဘယ်သူက အားအကြီးဆုံးလဲ၊ အပြေးအမြန်ဆုံးများလဲ အစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာကို သိနိုင်တဲ့အပြင် အဓိကကတော့ ဘယ်လောက်ထိ ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာကို သူတို့ရဲ့တိရစ္ဆာန်ဗီဇမှ ထိန်းချုပ်နိုင်မလဲဆိုတဲ့ အချက်ပင်ဖြစ်သည်။

Destiny drew us Together [Completed] Where stories live. Discover now