Extra (13)

5K 643 376
                                    

နေ့ကိုရက်စား ရက်ကိုလစားသွားလိုက်တာ ဘာလိုလိုနဲ့ တစ်လကုန်သွားခဲ့ပေပြီ။ ဒီတစ်လကတော့ Jackson အတွက် နေထိုင်ခဲ့သမျှ သက်တမ်းတလျှောက်လုံးမှာ အပင်ပန်းဆုံးလလို့တောင် ပြောရမလိုပင်။

ဒီတစ်လလုံး အားရန်ရဲ့ အခြေအနေက တည်ငြိမ်နေလိုက် ဆိုးရွားလာလိုက်ဖြစ်နေခဲ့တာမို့ လပြည့်ညက တောထဲခေါ်သွားဖို့တောင် အဆင်မပြေခဲ့။ တချို့ညတွေဆို လုံးဝမအိပ်ဘဲ ကယောင်ဂတမ်းတွေလျှောက်ပြောပြီး ကြောက်လန့်နေတတ်တာမို့ အဲ့ညက ဘာဖြစ်ခဲ့သလဲ အကုန်ပြောရဲ့လားတောင် စိုးရိမ်လာမိခဲ့သလို အရမ်းသန်မာလွန်းတဲ့ကောင်လေးက ဒီလောက်ကြီးထိ အခြေအနေဆိုး‌နေတာမို့ အဲ့ညက အကြောင်းတွေကို ပုံစံမျိုးစုံနဲ့ အကုန်ပြောလာအောင် ချော့မေးခဲ့ရသည်။

"သူတို့ ကျွန်တော့်ကို silver တွေ သုံးခါတောင် ထိုးထည့်တယ်"

"ဘာ!!!!! သုံးကြိမ်တောင် တောက်!! ကိုကို့ကိုမ‌ကြောက်ပါနဲ့ အကုန်ပြောနော်။ တခြားဟာတော့ အဆုံးထိ မဖြစ်ခဲ့ဘူးမလား"

အားရန်ကို အဆုံးထိ ထိလို့မရလောက်ဘူးဆိုတာ ယုံပြီးသားမို့ သေချာတောင် မမေးဖြစ်ခဲ့ပေမယ့် သူ ဒီလောက်ထိ ကြောက်လန့်နေတာမို့ ထိုငါးယောက်ကြား မရုန်းနိုင်ခဲ့မှာ စိုးရိမ်လာမိတာ။

// တောက်! အဲ့ကောင်တွေဟာကို မီးမရှို့ခင် အရင်ဖြတ်ပစ်ပြီး ခွေးစာကျွေးခဲ့ရမှာ //

"ဟင့်အင်း လက်နဲ့ပဲ..."

"ရပြီ ထပ်မပြောနဲ့တော့နော်။ အဲ့ထက်ပိုလည်း ကိုကို မင်းကို ‌တာဝန်ယူနိုင်ပါတယ်။ အဲ့ညက ကိစ္စက ကိုကိုနဲ့ မင်းပဲ သိတဲ့ကိစ္စမို့ ဖြည်းဖြည်းချင်း မေ့နိုင်အောင်ကြိုးစားပါ"

"Lian Ge တို့ကို ကျွန်တော် ခုဖြစ်နေတာတွေ မပြောပါနဲ့နော်။ သူတို့တွေ စိတ်ပူနေရဦးမယ်။ ကျွန်တော် China မပြန်ချင်ဘူး"

"သူတို့ကို မပြောထားပါဘူး။ အခုဖြစ်ခဲ့တဲ့ကိစ္စက ကိုကိုတို့နှစ်ယောက်ထဲပဲ အုတ်ဂူထဲထိ သယ်သွားမယ့် ကိစ္စမို့ မင်းမလုပ်ချင်တာတွေလည်း မလုပ်ရပါဘူး။ ကိုကို့ကလေးလေး အိပ်တော့။ လျှောက်ပူမနေနဲ့တော့"

Destiny drew us Together [Completed] Where stories live. Discover now