Extra (14)

4.4K 543 273
                                    

1 month later. . .

အချိန်ကား မနက်‌ခြောက်နာရီခန့်။

မနက်ခင်းနေရောင်ခြည်က ဆောင်းအကုန် ‌နွေအကူးဖြစ်လာပြီမို့ အရင်လို အေးစက်မနေဘဲ နွေးနွေးထွေးထွေး ရှိလာသော်ငြား အိပ်ရာထက်က စောင်ပုံအထပ်ထပ် ကြားထဲမှာတော့ တစ်ညလုံး ကိုက်ဖောက်ခံထားရလို့ ခွေခေါက်ပြီး အိပ်နေတဲ့ Bai Ran တစ်ယောက် နိုးနိုးချင်းတင် သူ့ဘေး၌ Jackson ကို မတွေ့ရတာမို့ ထထိုင်ပြီး လိုက်ရှာကြည့်နေတော့သည်။

ဘာလိုလိုနဲ့ စီနီယာ ဒီမြို့ကိုရောက်လာတာ လေးလကျော်ခဲ့ပေပြီ။ လပြည့်ညထဲကနေ စီနီယာဆိုတာ တစ်ညမှကို မပြတ်မကွက် တူတူနေနိုင်တာမို့ ဒီကိုကို မဟုတ်တဲ့နေရာတွေမှာ အားသိပ်ရှိနေမှန်း အလံဖြူပြလိုက်ရတော့တဲ့အထိပင်။ ကျွန်တော် အစားစားပြီးတိုင်း ပိန်သွားတယ်ဆိုပြီး အားမရှိမှာစိုးလို့ အားဆေးတွေပါ တိုက်တိုက်နေတဲ့ စီနီယာက တကယ်တော့ ညညဆို အားရှိဖို့ တိုက်ထားသလားတောင် မှတ်ရတယ်။

ဘယ်သောအခါမှ အောက်မနေချင်တဲ့ စီနီယာ စိတ်ချမ်းသာဖို့အတွက် ကျွန်တော်ပဲ ညတိုင်းအောက်နေပေးလိုက်ရတော့တာမို့ လိမ်မာလို့ဆိုပြီး တစ်ညလေးကြိမ်ထက် ပိုမလုပ်တဲ့ သူ့ကိုတောင် ပြန်ပြီးကျေးဇူးတင်ရတော့မလိုပင်။ ကျွန်တော့်အတွက်တော့ အိပ်ရာပေါ်က ကိစ္စတွေက ကျွန်တော့် Mate ဖြစ်တဲ့ ကိုကိုသာ ဖြစ်နေမယ်ဆိုရင် ဘယ်နေရာပဲနေရနေရ ကိစ္စမရှိတော့ပါဘူး။

ကျွန်တော် ကိုကို့ကို တကယ်ပျော်စေချင်ပါတယ်။ လွန်ခဲ့တဲ့လေးနှစ်က သူ ကျွန်တော့်ကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေအတွက် အတတ်နိုင်ဆုံး ပျော်အောင်ပြန်ထားပေးချင်ပါတယ်။

Bai Ran တစ်ယောက် Jackson ကို မတွေ့တာမို့ ရေချိုးခန်းထဲသာ ဝင်လာခဲ့ပြီး မှန်အရင်ကြည့်လိုက်မိသည်။

// အားးးးး လည်ပင်းကို အဲ့လောက် မကိုက်ပါနဲ့ဆို။ ဒီနေ့လည်း လည်ပင်းပိတ် အင်္ကျီတွေပဲ ဝတ်ရပြန်ပြီ //

ဒီနေ့က ပိတ်ရက်မို့သာ စိတ်လျှော့လိုက်ရသော်လည်း စီနီယာဆိုတာ သွေးစုတ်ဖုတ်ကောင်လိုမျိုး နှစ်ယောက်အတူရှိတဲ့ အချိန်တိုင်းနီးပါး လည်ပင်းကို လာလာကိုက်နေတတ်တာမို့ လည်ပင်းတစ်ဝိုက်လည်း အကောင်းပကတိကို မရှိတော့ပေ။

Destiny drew us Together [Completed] Where stories live. Discover now