Chapter 46

6.4K 994 243
                                    

မဟူရာကောင်းကင်ရောင်ကြောင့် မှောင်မဲတိတ်ဆိတ်နေပါသော၊ အငွေ့အသက်တွေကအစ သာမန်လူသားတစ်ယောက်ဆိုလျှင် ကျောချမ်းစရာကောင်းလောက်နိုင်သော ထိုချောက်ချားစရာနေရာကြီးသို့ Yibo အချက်ပြခလုတ်နှိပ်ခဲ့လို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သော အနောက်ပိုင်းက ဝံပုလွေလေးတစ်ကောင်။ အတိအကျ ပြောရမယ်ဆိုရင် အနောက်ပိုင်းအကြီးအကဲရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ ပိုင်ရန်. . .

"သခင်လေး ကျွန်တော်တို့ ဟိုတစ်ယောက်ကို ခေါ်သွားခိုင်းလိုက်ပြီ။ သူကတော့ မေ့ဆေးမိနေတာ"

"အင်း"

သူတို့သခင်လေးရဲ့ အမိန့်ကိုနာခံဖို့ အဆင်သင့်ဖြစ်နေကြတဲ့ မျက်နှာဖုံးတပ် နောက်ထပ် လူယုံသုံးယောက်။ ထိုလူတွေက မျက်နှာဖုံးတွေကို ချွတ်လိုက်ပြီး သခင်ရဲ့အမိန့်ကို ဆောင်ရွက်ဖို့ အသင့်ပြင်ထားကြလေသည်။

ဒီလူတွေအနေနဲ့ သူတို့သခင်လေးကို ခုမှ ပြန်မြင်ခဲ့ရတာလေ. . .

"အဲ့တစ်‌ယောက်ကို ဒီမှာပဲ ထားခဲ့လိုက်။ သူ့ကို တခြားရဲတွေရှာတွေ့ပြီး ကယ်သွားလိမ့်မယ်။ မြန်မြန်သွားရ‌အောင်။ ငါ့နောက်မှာ ရဲတွေရှိသေးတယ်"

"ဟုတ် သခင်လေး"

ထိုမေ့နေသော လူကိုထားခဲ့လိုက်ကြကာ အခုထက်ပိုပြီး မှောင်မဲအေးစက်သော၊ ငရဲခန်းတမျှ ကြောက်စရာကောင်းလောက်သော၊ ရှင်းရှင်းပြောရမယ်ဆိုလျှင် အခုရက်ပိုင်း ဝံပုလွေပေါင်းများစွာကို စတေးခဲ့သော ဂိုဒေါင်သို့ ရောက်လာခဲ့ကြလေသည်။

----------

Wang Yibo တစ်ယောက် ရောက်ခါနီးမှ မျက်လုံးစည်းခံလိုက်ရတာကြောင့် ဘယ်နေရာမှန်း မှန်းမရတော့သလို လက်ထဲမှာလည်း ဘာလက်နက်မှ မရှိတာမို့ အနံ့ခံခြင်းအမှုကိုသာ အားစိုက်နေရလေသည်။

အားးးးး

မျက်လုံးစည်းပြီးတာနဲ့ လည်ဂုတ်နောက်က စူးတက်သွားပြီး ထိုးပြီးပြီးချင်းတင် တစ်ကိုယ်လုံး ပူတက်လာတာမို့ Silver တွေ ထိုးထည့်လိုက်ပြီမှန်း သိလိုက်မိသည်။

Silver ဒဏ်ကြောင့် ကြမ်းပြင်ကို ခွေကျသွားစဉ်မှာပဲ ‌နောက်ထပ်ထပ်ပြီး ထိုးခံလိုက်ရပြန်တာမို့ Yibo ခမျာ လူးလိမ့်နေရပြီဖြစ်သည်။

Destiny drew us Together [Completed] Kde žijí příběhy. Začni objevovat