Extra (19)

3.4K 437 272
                                    

Halfeti ဆောင်းရဲ့ အဖြူရောင် နှင်းမြူများက ခြံဝင်းထဲရှိ နှင်းဆီနက်တွေပေါ်သို့ ညဦးပိုင်းထဲက တဖွဲဖွဲ ကျဆင်းနေခဲ့တာမို့ နေ‌ရောင်ခြည်နုနု အခန်းထဲသို့ ဖြာကျနေတာတောင် အခန်းတွင်း အအေးဓာတ်က ချမ်းစိမ့်နေတုန်းပင်။

"ပါးပါး!!! သားတို့ပြီးပြီ။ သွားမယ်"

မနက်စောစောစီးစီး အခန်းထဲသို့ အသံဗြဲတွေနဲ့ ဝုန်းဒိုင်းပြေးဝင်လာကြသော မျောက်လောင်းနှစ်ကောင်ကြောင့် ရေချိုးခန်းထဲက ထွက်လာသော Jackson တစ်ယောက် ထိုနှစ်ယောက်ကို ဂုတ်ကနေ တစ်ဖက်တစ်ယောက်စီ ဆွဲထားလိုက်ရသည်။

"ရှူး...စောစောစီးစီး ဘယ်သွားဦးမို့လဲ။ ပါးပါး အိပ်နေသေးတယ်လေ။ တိုးတိုးနေ!"

ဒီလောက်ဆွဲထိန်းထားတာကိုတောင် နှစ်ကောင်သားက ကျွန်တော့်လက်ဖျံကို တစ်ယောက်တစ်ဖက်စီ ကိုက်ချပစ်ပြီးတာနဲ့ လှစ်ခနဲ ကုတင်ပေါ် ပြေးတက်သွားကြတာမို့ သွေးတောင်စောင့်တက်သွားမိတယ်။

// အားးး ဒီဟာလေးတွေက ဘယ်သူ့အကျင့်တွေ ကူးလာတာလဲ!!! //

"ပါးပါး! ပါးပါး! ထတော့လေ။ အပြင်သွားမယ်ဆို"

အချိန်က ရှစ်နာရီတော့ ရှိ‌နေသော်ငြား အားရန်က ညက အအေးဒဏ်ကြောင့် အိပ်မပျော်လို့လား၊ ကျွန်တော့်ကြောင့် ပင်ပန်းသွားလို့လားမသိ...အခုထိ အိပ်မောကျနေဆဲပင်။ ထို့အတွက် ပိတ်ရက်လည်း ဖြစ်နေတာကြောင့် ကြိုက်သလောက် ပေးအိပ်ထားကာမှ ဘယ်တစ်ယောက် ညာတစ်ယောက် အတင်းလှုပ်နှိုးနေကြရုံမကဘဲ ကိုယ်ပေါ်ပါ တက်ခုန်နေကြတာမို့ သူလန့်နိုးသွားပုံရသည်။

"အ့!...အိုက်ယား...ဘယ်နှစ်နာရီ ထိုးပြီမို့လဲ"

"ရှစ်နာရီကျော်ပြီလေ။ ပါးပါးပဲ လိုက်ပို့မယ်ဆို"

"အင်း..."

ဒီသားအဖတွေ ဘယ်ကိုအသည်းအသန်သွားဖို့များ လုပ်ထားကြလဲ မသိတာမို့ Jackson တစ်ယောက် ကုတင်နား လျှောက်လာကာ အားရန်ပေါ်တက်ခုန်နေတဲ့ ရန်အာကို ကောက်ချီလိုက်ရသည်။

"ရန်အာ! မနက်ပိုင်းတွေဆို ပါးပါး ကိုယ်ပေါ် တက်တက်မခုန်ရဘူးလို့ ပြောထားတယ်လေ"

Destiny drew us Together [Completed] Waar verhalen tot leven komen. Ontdek het nu