Chapter 4

9.4K 1.3K 331
                                    

Yu Chen တစ်ယောက် နှိုးစက် alarm သံမမြည်ခင် အိပ်ရာကနေ ထလိုက်တော့သည်။ ‌ဘေးမှာတော့ Xiaozhan က ကွေးကွေးလေး အိပ်ပျော်နေဆဲမို့ စောင်သေချာထပ်ခြုံပေးလိုက်ပြီး ကုတင်ပေါ်က ဆင်းလိုက်တော့တယ်။

Xiaozhan ကျွန်တော့်အခန်းထဲမှာ ခုလိုလာအိပ်တဲ့ညတိုင်းက ကျွန်တော် အိပ်ရေးပျက်ရတဲ့ညများပင်။ ဘာကြောင့်ဆို သူ လာအိပ်တိုင်း တစ်ခန်းလုံး လင်းနေအောင် မီးဖွင့်ပေးထားရတာမို့ သူက အိပ်တတ်ပေမယ့် ကျွန်တော့်မှာ မီးအလင်းရောင်ကြောင့် မျက်လုံးတွေကြောင်ပြီး အိပ်မရ။ သူ အားနာနေမှာစိုးလို့သာ အိပ်ချင်‌ယောင်ဆောင်ဆောင်ပေးနေရတာ။

ထို့အတွက်လဲ Xiaozhan က ပုံမှန်ဆို Jackson အခန်းမှာသာ သွားအိပ်တာ များပါတယ်။ ညကသာ ဘာစိတ်ကူးပေါက်ပြီး ရောက်လာလဲမသိ။ Jackson ဆိုတာ တစ်ခန်းလုံးပဲ မီးလင်းလင်း၊ ဘယ်လောက်ပဲ ဘေးနားမှာ ဆူညံဆူညံ ဘယ်လိုအခြေအနေမျိုးမှာမဆို ခေါင်းချတာနဲ့ အိပ်‌ပျော်သွားတဲ့ကောင်မျိုး။

ကျွန်တော် ရေချိုးခန်းမဝင်ခင် Xiaozhan ကို လှမ်းကြည့်လိုက်တော့ SpongeBob အရုပ်ကို ကျစ်နေအောင် ဖက်ထားပြီး ပုဇွန်လုံးလို တစ်ကိုယ်လုံးကို ‌ကွေးပြီး အိပ်ပျော်နေဆဲ။ သူက အရုပ်‌တွေကိုသာ ဖက်အိပ်တတ်တာ။ လူကို ဘယ်တော့မှ လိုက်ဖက်လေ့မရှိသလို ၊ သူ့ကို သွားဖက်ရင်လည်း နည်းနည်းမှ မကြိုက်တတ်။

ဟင်းးးး သူ့ချစ်သူဖြစ်လာမယ့်သူကတော့ သူ့ရဲ့တစ်ညလုံး မီးဖွင့်အိပ်တတ်တဲ့အကျင့်နဲ့ သွားဖက်ရင် ကန်ထုတ်တတ်တဲ့ ဒဏ်ကို သည်းခံနိုင်တဲ့သူ ဖြစ်ပါစေလို့သာ ဆုတောင်းပေးမိပါရဲ့။

...................

မနက်စာစားချိန်နဲ့ ညစာစားချိန်သာ တစ်‌တိုက်လုံးက လူတွေကို လူစုံတက်စုံမြင်နိုင်တဲ့ အချိန်ပင်။ ဒါတောင်မှ အလုပ်ချိန်တွေ မတူကြတာမို့ အကုန်လုံးကို တွေ့ဖို့တော့ သိပ်မဖြစ်နိုင်။ ဥပမာ ကျွန်တော်တို့ဆို Night duty တွေရှိရင် အချင်းချင်းတောင် ညစာတူတူမစားဖြစ်တော့သလို၊ Jackson တို့ဌာနကလဲ overtime တွေဆင်းရချိန်ဆို တစ်ယောက်နဲ့တစ်ယောက် စောင့်ပြီးစားနေလို့မဖြစ်။ အဆင်ပြေသလိုသာ စားကြရတာ။

Destiny drew us Together [Completed] Where stories live. Discover now