Chapter 54

6.9K 987 390
                                    

အခုတော့လည်း တိုက်ပွဲကြောင့် ဖြစ်ခဲ့ရတဲ့ နောက်ဆက်တွဲတွေကို Yibo တစ်ယောက် သူတောင် သိပ်မကူလိုက်ရဘဲ Lian နဲ့တင် ပြီးသွားခဲ့ရတာမို့ ကောအပေါ် အားနာစိတ်ကြောင့် ကောနဲ့ Yu Chen ရဲ့ နောက်လအတွက် မင်္ဂလာပွဲကို ရှောင်းရှောင်းနဲ့ Jackson ထက်တောင် Yibo တစ်ယောက် ပိုပြီးတက်ကြွစွာ ကူလုပ်ပေးနေတာမို့ Yu Chen ရဲ့ သူ့စီနီယာ လက်ထပ်ပွဲလား မင်းလက်ထပ်ပွဲလား မေးတာကိုတောင် အဖက်လုပ်ပြီး ပြန်ဖြေမနေတော့ဘဲ အဲ့မျောက်လောင်းကို ပေစောင်းစောင်းပဲ ကြည့်ပေးလိုက်တော့တယ်။

ဘာလိုလိုနဲ့ ခြောက်လတောင် အိပ်ရာထဲလဲနေခဲ့ရတာကြောင့် အခုဆို October တောင် ပြန်ရောက်လာခဲ့ပြီ။ ကျွန်တော်မကြိုက်တဲ့ ဆောင်း‌တွင်းကြီး ပြန်ရောက်လာသလို Jackson ပြောသလို သူနဲ့ Bai Ran က မနှစ်က ဒီအချိန်မှာ စတွေ့ခဲ့တာလေလို့ဆိုတော့ အချိန်တစ်နှစ်‌လေးအတွင်းမှာ အများကြီး ပြောင်းလဲသွားခဲ့ရသလိုပါပဲ။

ပါးက ကောရော ကျွန်တော့်ရောကို လက်ထပ်ပြီးရင် သူ့အိမ်မှာပဲ လာနေစေချင်သလို ကျွန်တော်တို့လေးယောက်လုံးလည်း ထိုကဲ့သို့သာ ဆန္ဒရှိခဲ့ကြတာပါ။

// ပါး အရမ်းအထီးကျန်ခဲ့ပြီး မားအတွက် တစ်ယောက်တည်း ဘယ်လောက်တောင် ကြိတ်မနိုင်ခဲမရ ရင်နာခဲ့ရရှာမလဲ //

ပါးနားမှာ အဲ့လိုနေကြဖို့ Jackson က တိုက်တွန်းနေခဲ့တာ။ ပါးရဲ့ ခံစားချက်ကို သူ အပြည့်အဝနားလည်နိုင်တာမို့ ကျွန်တော်တို့တွေ ပါးနားမှာ ပြန်ပြီး အဖော်ပြုပေးသင့်တယ်‌တဲ့လေ။

// Jackson တကယ် ရင့်ကျက်သွားခဲ့ပြီ။ ကျွန်‌တော်တို့နဲ့ အရင်လို တတွဲတွဲ ပြန်နေခဲ့ပေမယ့် သူ့ရဲ့ စနောက် ပျော်ရွှင်တတ်တဲ့ စိတ်နဲ့ အပြုအမူတွေကတော့ Bai Ran နဲ့ တစ်ခါတည်း ပါသွားခဲ့ပြီ ထင်ပါရဲ့။

တစ်ခါတလေ အရင်တုန်းကဆို မင်း လူဆိုးတွေကို ရုပ်တည်ကြီးနဲ့ ဖမ်းရဲ့လားဆိုတာအထိ မေးခဲ့ရလောက်အောင် စပလိန် မျက်နှာနဲ့ သူ့ကို မြင်ရတာနဲ့ကို ရယ်ချင်လာမိတဲ့အထိ ပြောင်နောက်နေတတ်တဲ့ Jackson ရဲ့ အခုချိန် ခပ်ယဲ့ယဲ့အပြုံးကို ဖျတ်ခနဲ မြင်ရဖို့ကိုတောင် ကျွန်တော်တို့သုံးယောက် ဘယ်လိုပဲ ကြိုးစားကြည့်ကြည့် မအောင်မြင်ခဲ့တော့တာပါ //

Destiny drew us Together [Completed] Onde histórias criam vida. Descubra agora