Chapter 33

7.5K 1K 228
                                    

အချိန်ကား ခြောက်နာရီခန့်။ မီးရောင်ခပ်မှိန်မှိန်နဲ့ လူပေါင်းစုံ စုဝေးနေကြရာ ကလပ်ထဲသို့ Wang Yibo တို့အုပ်စု လျှို့ဝှက် စုံစမ်းထောက်လှမ်းဖို့ ဝင်ရောက်လာခဲ့ကြသည်။

ကျွန်တော် ဒီည အမှုလိုက်ဖို့အတွက် နောက်ကျမယ့်အကြောင်း ရှောင်းရှောင်းကို ဖုန်းဆက်ထားလိုက်တော့ သူလည်း ကောတို့ Yu Chen တို့နဲ့ ညစာစားဖို့ လိုက်သွားမယ့်အကြောင်း ပြန်ပြောလာတာမို့ ကောပါပါတယ်ဆိုလို့ အံ့ဩမိလိုက်သေးသည်။ ကျွန်တော့်ကောက အရင်လို တသီးတသန့်နေတတ်တဲ့သူ မဟုတ်တော့ဘူးပဲ။

ကျွန်တော်တို့ အခုစုံစမ်းမယ့်ကလပ်က ဘယ်လိုအတွဲအမျိုးအစား ဖြစ်ဖြစ် လူပေါင်းစုံလက်ခံတဲ့‌နေရာမို့ ဒီနားတစ်ဝိုက်မှာ နာမည်အကြီးဆုံးကလပ်တစ်ခုလည်းဖြစ်သလို၊ ရုန်စစ်ရှိတဲ့ကလပ်လည်း ဖြစ်တာမို့ သူ့အမှုကို ဗန်းပြပြီး ကျွန်တော်တို့ဖက်က လူတွေသေနေတဲ့အမှုကို စုံစမ်းဖို့ ရောက်လာခဲ့ကြသည်။

သမန်းဝံပုလွေတွေ သေနေတဲ့အမှုက ရဲဌာနက တာဝန်ချပေးထားတဲ့ အမှုမဟုတ်ဘဲ Han Ge တိတ်တဆိတ် တာဝန်ပေးထားတဲ့ အမှုဖြစ်တာမို့  Jackson နဲ့ Bai Ran ကိုသာ ခေါ်ခဲ့ပြီး လူတွေကြားထဲ ရောနှောကာ အရိပ်အခြည်စောင့်ကြည့်နေလိုက်ကြတော့သည်။

"Jackson...မင်း အမှုထဲကို အာရုံစိုက်နော်။ ကောင်မလေးတွေနားကပ်ပြီး ဖွံကြောင်မနေနဲ့ဦး"

"ဟေ့ကောင်! ငါက ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကို ခွဲခြားတတ်တယ်ကွ"

Jackson ကိုနောက်လိုက်တော့ အဲ့ကောင်က ပက်ခနဲပြန်ပြောတာမို့ နှစ်ယောက်သား ရယ်လိုက်ကြရင်း ချပေးလာတဲ့ အရက်ခွက်ကို ကောက်ကိုင်ကာ ကလပ်အတွင်းအခြေအနေကို တစ်ချက်ကြည့်လိုက်မိသည်။

ထိုစဉ် ရေမွှေးနံ့သာပေါင်းစုံ၊ အရက်၊ ဘီယာရနံ့ပေါင်းစုံ ထုံမွှန်း နေသော ဒီမွန်းကြပ်စရာ နေရာကြီးမှာ အမြဲရင်းနှီးနေတဲ့ ကိုယ်သင်းနံ့တစ်ခုကို ရလိုက်သလိုမို့ ထကြည့်လိုက်မိတော့ Jackson က တစ်ခုခုထူးလို့လားဟု အသင့်အနေအထားပြင်လာသည်။

"မဟုတ်ဘူး။ ရှောင်းရှောင်းရဲ့ အနံ့ကို ရလို့"

"ဟေ့ကောင်! မင်းတော့ ငါပြောရင် မကောင်း..."

Destiny drew us Together [Completed] Where stories live. Discover now