Chapter 37

8.1K 1.2K 497
                                    

February လက်ကျန်ဆောင်းက တကယ်ဆို တော်တော်လေး အေးနေတုန်းပါပဲ။ သို့သော်ငြား ကားကို သတ်မှတ်မိုင်နှုန်းထက် ပိုကျော်ပြီး မောင်း‌နေမိတဲ့ Lian အတွက်တော့ ကားထဲမှာ aircon ဖွင့်ထားတာတောင် ပူလောင်နေတုန်းပင်။

ကားကို တိုက်အောက်မှာပဲ ဒီအတိုင်းရပ်ထားခဲ့လိုက်ပြီး အပေါ်ဆုံးထပ်က လူကြီးပိုင်းတွေ နားနေရာအထပ်သို့ ပြေးတက်လာခဲ့တော့သည်။ ဒီမနက်ပဲ အကြီးအကဲ လေးယောက်လုံး Beijing ကို ဆင်းလာရတာမို့ Northern Pack အကြီးအကဲက သူတို့သားသမီးတွေလည်း နေထိုင်ရာ ဒီတိုက်မှာပဲ တစ်ခန်းစီ ပြင်ပေးထားခြင်းဖြစ်သည်။

ဝမ်အကြီးအကဲတစ်ယောက် တံခါးကို တဝုန်းဝုန်း ထုရိုက်နေသံကြောင့် ဘယ်လိုတောင် ရိုင်းလိုက်တဲ့ လူလဲဆိုတဲ့အတွေးနဲ့ ထဖွင့်ပေးလိုက်တော့ သူ့သား ဖြစ်နေတာမို့ အံ့ဩသွားမိသည်။

"Lian!! ငါက ဘယ်အရိုင်းအစိုင်းများလဲလို့။ လူကြီးတွေ အခန်းကို..."

"တကယ်ပဲ ပါးလား"

တရှူးရှူးတရှားရှားဖြစ်နေတဲ့ Lian ကိုကြည့်ရင်း ဝမ်အကြီးအကဲတစ်ယောက် မျက်မှောင်သာ ကြုတ်လိုက်မိတော့သည်။

"မင်း ဘာဖြစ်လာတာလဲ"

"တကယ်ပဲ ပါးလုပ်တာလားလို့။ အခု Yibo ဘာဖြစ်နေပြီလဲ သိလား။ ပါးလုပ်လို့ သူဆေးရုံရောက်နေပြီ"

"ဘာ ဘာ ပြောတယ်"

"ပါး အဲ့လောက်တောင်ပဲ Xiaozhan ကို မုန်းတာလား။ ပါး ဘာလို့ဒီလောက်ထိ သူတို့နှစ်ယောက်ကို ခွဲချင်နေရတာလဲ။ ဟက်! မနက်တုန်းက ဒီအတိုင်းပဲ စိတ်တိုလို့ ပြောခဲ့တယ် ထင်‌နေမိတာ"

"Lian ...အဲ့ အဲ့ဒါက"

"ပါးသိထားဖို့က ပါး...Xiaozhan ကို ကြည့်မရတာထက် ကျွန်တော်က နှစ်ဆပိုကြည့်မရပါဘူး။ မားသေသွားလို့ ပါး Xiaozhan တို့ကို မုန်းတယ်ဆိုရင် ကျွန်တော်က မားသေသွားပြီးကထဲက ပါးရဲ့မေတ္တာရော၊ မားရဲ့အချစ်ရော မရခဲ့လို့ အဲ့အလယ်ပိုင်းတွေကို သေလောက်အောင် ပိုပြီးစိတ်နာတယ်"

ဝမ်အကြီးအကဲတစ်ယောက် ယိုင်မကျသွားအောင် ဘေးကခုံလက်တန်းကို ဖမ်းကိုင်လိုက်ရသည်။

Destiny drew us Together [Completed] Where stories live. Discover now