Chapter 35

7.9K 1.1K 447
                                    

ဒီရက်သတ္တပတ်ကတော့ ရဲဌာနအတွက် အလုပ်ထဲခေါင်းစိုက်ရသော အပတ်ပါပဲ။ ကလပ်မှာ ဖြစ်ပျက်သွားတဲ့အမှုတွေကြောင့် အချိန်ပိုတွေလည်း ဆင်းနေရသလို၊ တစ်ခါတလေ စခန်းမှာပဲ အိပ်ရတဲ့ညတွေ ရှိလာတာမို့ ဒူပေဒံပေခံနိုင်သော Jackson တို့ Bai Ran တို့တောင် မျက်တွင်းဟောက်ပတ်နဲ့ အရုပ်ကြိုးပြတ် ဖြစ်နေကြသလို အိမ်မှာလို နွေးနွေးထွေးထွေး မအိပ်ရတဲ့အပြင် February ရဲ့ ဆောင်းလက်ကျန် အအေးဒဏ်ကို မခံနိုင်သော Yibo အတွက်က‌တော့ နှာတရှုံ့ရှုံ့ဖြစ်လာရုံတင်မကဘဲ ပင်ပန်းပြီး ဖျားပါဖျားလာလေသည်။

Yibo ခမျာ အခုလို အားလုံးအလုပ်များနေချိန်မှာ အလုပ်ကို ခွင့်မယူချင်ပေမယ့် ရှောင်းရှောင်းက သူပါ ခွင့်ယူလိုက်ပြီး အိမ်ထဲက အိမ်ပြင်ပေးမထွက်တာမို့ ရှောင်းရှောင်း‌ကို အများကြီး ပြန်မလှန်ရဲပေ။

"ဝမ်လေး...မင်းအဖျားတွေ မကျသေးဘူး။ ဆေးသောက်ရအောင်။ ထဦး"

စောင်ပုံထဲမှာ ပုန်းနေတဲ့ ဝမ်လေးကို ညထဲက ဆေး‌သောက်ဖို့ ပြောရတာ အသက်ထွက်‌တော့မယ်။

"ဟေ့! ဆေးသောက်မှ အဖျားကျမှာလေ။ မဟုတ်ရင် ဆေးပဲထိုးမလား"

"ဘာမှမသောက်ချင်ဘူး။ အိပ်လိုက်ရင် သက်သာသွားမှာဆို။ လာပါ...ကိုယ့်ရှောင်းရှောင်းလေးကိုပဲ ဖက်အိပ်ချင်တာ"

"ဒီငမည်း‌ကောင်ကတော့ နေမကောင်းတာတောင် ဘူးချင်နေသေးတယ်။ မင်းတစ်ညလုံး ဒီအတိုင်း အိပ်နေတာ သက်သာလို့လား"

"ရှောင်းရှောင်းကလည်း..." ဆိုပြီး အသံငယ်လေးနဲ့ အီနေတာများ အခုကျတော့ Eastern Pack ရဲ့ အားအကြီးဆုံး မဟုတ်တော့သလိုပင်။

ဝမ်လေးက ငယ်ငယ်တည်းက ဖျားရင် အီတတ်သလို၊ ဆေးသောက်ဖို့လည်း ပြောရခက်တဲ့သူမို့ သူ ဖျားရင် တကယ်လက်‌ပေါက်ကပ်တယ်။ ဝမ်လေးက ကျွန်တော့်စကားဆို အကုန်နားထောင်ပေမယ့် ဆေးသောက်ဖို့၊ ဆေးထည့်ဖို့ဆို အခုလို လျှာထွက်မတတ်ပြောနေရင်တောင် အဖက်မလုပ်တာမို့ စောင်ပုံအောက်ထဲ ပုန်းနေတဲ့ ကလေးကြီးကို အတင်းဆွဲထုတ်ပြီး ဆေးချုပ်တိုက်ဖို့ ကြိုးစားရတော့သည်။

Destiny drew us Together [Completed] Where stories live. Discover now