Chapter 8

8.8K 1.3K 394
                                    

ဘာလိုလိုနဲ့ Yibo တောင် Beijing ရောက်နေတာ သုံးလနီးပါး ပြည့်သွားခဲ့ပြီ။ ဒီနေ့က ဒီဇင်ဘာလရဲ့ လပြည့်ရက်ပင် ဖြစ်သည်။

လပြည့်ဆိုတဲ့ အဓိပ္ပာယ်ကိုက အေးချမ်းခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ မိသားစုတွေ ပြန်လည်ဆုံစည်းကြခြင်းဆိုတဲ့ အဓိပ္ပါယ်အပြင် Werewolf တွေရဲ့ စွမ်းအင်ကလည်း လပြည့်ညရောက်လျှင် အားအကြီးဆုံးဖြစ်သည့်အတွက်‌ကြောင့် ထိုညမှာ စိတ်လွတ်မသွားစေရန်၊ တစ်ကောင်တည်းနေရင် စိတ်ရိုင်းဝင်လာတာမျိုး ဖြစ်မှာမျိုးကို ကြိုတင်ကာကွယ်တဲ့ သဘောအနေနဲ့ ဒီညဆို ကျွန်တော်တို့တွေ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ စုဝေးနေတတ်ကြပြီး ပျော်ပွဲရွှင်ပွဲတွေအပေါ်၌ အာရုံလွှဲထားတတ်ကြသည်။

ဒီနေ့က လပြည့်နေ့ကိုမှ ပိတ်ရက်နဲ့ တိုက်နေတာကြောင့် ကျွန်တော် မနက်စောစောစီးစီးထကာ တိုက်နားက ပန်းခြံထဲ၌ သွားပြေးပြီး ပြန်လာစဥ် အနောက်ဖက်ကနေ ပြောင်နောက်နောက် လှမ်းခေါ်‌နေသံကို ကြားလိုက်ရတာမို့ မသိချင်ယောင်သာဆောင်ပြီး ဆက်လျှောက်နေခဲ့လိုက်သည်။

"ဟေ့! Yibo! အချစ်လေး!"

လှည့်မကြည့်တော့ ကျွန်တော့်အနားကို သူပြေးလာပြီး ပခုံးကို ဆတ်ခနဲ လာဆွဲဖက်တာမို့ ချက်ချင်းပင် သူ့ခြေထောက်ကို ပိတ်ကန်ပစ်လိုက်မိတယ်။ ဘယ်သူလဲဆိုတာ ကြည့်စရာကိုမလို။ လူတိုင်းကို ပေါက်ကရ နာမည်တွေ လိုက်ပေးထားတာ အဲ့ကောင် Jackson ပဲရှိတာ။

Bai Ran ကို အလှလေး။ Yu Chen ကို အချောလေး။ Xiaozhan ကိုဆို ဒေါသအိုးလေးနဲ့ ကောကိုကျ မာနခဲကြီးဟု နာမည်ပြောင်တွေ လျှောက်ပေးထားတဲ့ အဲ့ကောင်က သူ့ကိုယ်သူကျတော့ မေတ္တာရှင်လေးဆိုပြီး လုပ်နေတာ။

"Wang Yibo! ဟေ့ကောင် နာတယ်ကွ!"

အခုမှ သူ့ခြေထောက်ကို သူ ပွတ်ပြီး ခုန်ဆွခုန်ဆွ လုပ်နေသည်။

"မနာချင်ရင် ငါ့အသားလာမထိနဲ့"

"အမယ်လေး အချင်းချင်းတောင် လာချေနေသေးတယ်နော်။ ငါက ပခုံးလေးထိတော့ ငြိုငြင်နေလိုက်တာ။ မင်းရဲ့ ရန်သူတော်ကြီးနဲ့ နပန်းလုံးနေတာကျတော့ တစ်ကိုယ်လုံးထိနေတာပဲ မဟုတ်ဘူးလား။ အဲ့ဒါကိုကျ ရန်သွားသွားစနေပြီး"

Destiny drew us Together [Completed] Onde histórias criam vida. Descubra agora