Chapter 48

6.5K 972 78
                                    

မုန်တိုင်းပြီးရင် လေပြေလာတယ်။ မုန်တိုင်းမစခင် လေပြေအရင်လာတယ်။ အခုချိန်မှာ ဘယ်လိုအခြေအနေမျိုးကိုမဆို Xiaozhan တစ်ယောက် ရင်ဆိုင်နိုင်နေပြီဖြစ်သည်။

ချစ်ရသူလက်ကို လွှတ်လိုက်ရမလိုဖြစ်သွားတဲ့ နာကျင်မှုလောက် ဘယ်အရာကမှ ကျွန်တော့်ကို မနာကျင်စေနိုင်ဘူးဆိုတာ နားလည်သွားမိတဲ့အချိန်မှာပဲ တစ်ဘဝလုံးကြောက်နေခဲ့တဲ့ အမှောင်ဆိုတာမျိုးတွေ၊ silver ဆိုတာမျိုးတွေက တကယ်တော့ ဘာမှဟုတ်မနေခဲ့ပါဘူး။

ဒီဒဏ်ရာတွေဆိုတာ ကျွန်တော်ကိုယ်တိုင် ခံစားခဲ့ဖူးရတဲ့ သေမတတ်နာကျင်မှုမို့ သတိလစ်နေဆဲ ဝမ်လေးရဲ့ဒဏ်ရာတွေကို တစ်ညလုံးဆေးလိုက်ထည့်ပေးရင်းနဲ့ ရင်ထဲတဆစ်ဆစ်နာလာမိတယ်။ ဒီလူတွေကရော ဘယ်သူလဲ? ဘာလို့ လူမဆန်တဲ့လုပ်ရပ်တွေကို ဒီလို လွယ်လွယ်လေး လုပ်ရက်နိုင်ကြရတာလဲ။

ဆရာဝန်တစ်ယောက်မို့ လူ့အသက်ကို အလေးထားတဲ့သူမို့ ထိုကဲ့သို့သော လူမျိုးတွေကို ငယ်ငယ်ထဲက တကယ်ရွံခဲ့မိတာ။ အထူးသဖြင့်  ဝမ်လေးကို အခုလို ဖြစ်အောင်လုပ်တဲ့သူကို ရုန်စစ်တုန်းကလိုမျိုး တစ်စစီ ဖြစ်သွားအောင်ထိ ပြန်လုပ်ပစ်ချင်နေတာ။

"Xiaozhan! မင်းရှိနေတယ်ဆိုတော့ ငါ အခန်းထဲမှာပဲ သွားနေ‌လိုက်တော့မယ်။ တစ်ခုခုဆိုတာနဲ့ ငါ့ကိုဖုန်းဆက်လိုက်လေ။ ငါ ပါးနဲ့ ဒီကိစ္စကို သေချာတိုင်ပင်မှ ဖြစ်တော့မယ်ထင်တယ်"

စီနီယာက တစ်ညလုံး ကျွန်တော်နဲ့အတူ ဝမ်လေးကို စိုးရိမ်တကြီး ကုသပေးနေတာမို့ မိုးလင်းခါနီးမှပဲ စိတ်ချနိုင်ကြပြီ ဖြစ်သည်။

"ကျွန်တော်လည်း ပါးကို ဖုန်းဆက်ပြီး ဒီကိစ္စတွေကို သေချာစကိုင်ဖို့ ခုပဲတွေးနေတာ။ ဒီတစ်ခါ ကံကောင်းလို့ ဝမ်လေးလွတ်အောင် ပြေးလာနိုင်တာလေ။ နောက်တစ်ခါဆို မတွေးရဲဘူး။ ပြီးတော့ ဒီလူတွေကို ဒီအတိုင်း လွှတ်ထားမယ်‌ဆိုရင် အပြစ်မဲ့တဲ့ ကျွန်တော်တို့လူတွေ ကုန်တော့မယ်"

"အင်း"

စီနီယာလည်း တော်တော်မျက်နှာမကောင်း‌တာကြောင့် Yu Chen ခမျာ ညကထဲက စီနီယာ့နားနေရမလို၊ ကျွန်တော့်နားနေရမလို၊ Yibo ကိုကြည့်ပြီး ဒေါသတွေထွက်နေတဲ့ Jackson နားနေရမလို ဖြစ်နေရှာတာမို့ Jackson အခန်းမှာ သွားအဖော်ပြုပေးဖို့သာ ညထဲက လွှတ်လိုက်ရတော့သည်။

Destiny drew us Together [Completed] Where stories live. Discover now